မအိမ်ကံ ( For Nov အပိုင်း - ၂ )

ကျေးဥက အီခနဲ ငိုတော့ မအိမ်ကံလည်း မျက်ရည် မဆည်နိုင်ခဲ့။ သည်လို ချစ်ခြင်းမေတ္တာတွေကို မြင်ရပြန်တော့ လည်း မအိမ်ကံမှာ လုံခြုံသလိုခံစားရပြန်ပါ၏။ သည်အသိုက်၊ သည်အ၀န်းထက် အေးမြသောနေရာ မရှိပါလားလို့လည်း ခံစားရပြန်ပါ၏။ ဒါတွေကို မအိမ်ကံက ကိုပြေသိမ်းအား ပြောပြတော့ ကိုပြေသိမ်းလည်း စိတ်မကောင်းဖြစ်ရှာပါ၏။

“အစ်ကိုလည်း နားလည်ပါတယ် အိမ်ကလေးရယ်။ သူတို့ တစ်တွေက ချစ်လွန်းလို့ သမီးကြီးကို အလို လိုက်နေတာတွေ အစ်ကို တွေ့နေရသားပဲ။ ကြာတော့ ကလေးတောင် ဘ၀ မဆန်မှာ အစ်ကို စိုးနေမိသာ။ အခု ကိစ္စကတော့ကွယ် အစ်ကိုတို့ အလိုလိုက်လို့ မဖြစ်ဘူးလေကွယ်။ အစ်ကို့ သမီးတွေ နှစ်ယောက်စလုံး ပညာတတ်တွေ ဖြစ်ရမယ်။ အစ်ကို့ဘက်က ပေးနိုင်တဲ့ အမွေကလည်း ဒါပဲ။ တစ်ချိန်ကျရင် သမီး နှစ်ယောက်စလုံး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ကြရမှာကွယ့်”

ကိုပြေသိမ်း ပြောတာလည်း ဟုတ်သည်။ မအိမ်ကံ သမီးကြီး အရွယ်တုန်းက ရက်ကန်း အလုပ်ကလေးတွေ ခြေနိုင် လက်နိုင်ဝင် လုပ်ခဲ့ဖူးတာကို သတိရမိ၏။ တစ်နေ့တုန်းက မအိမ် မြိုင်ကို ဆပ်သွားတစ်ခုပေးကာ ချည်စာ ဖြီးခိုင်းရာသို့ အမေ ပန်းရုံ အပြေးရောက်လာခဲ့ပါ၏။
“မအိမ်ကံရယ်၊ ငါ့မြေးကို ချည်စာ ရှင်းခိုင်းရသယ်လို့ အေ။ ကလေး လက်ကလေးတွေ ချည်စာ စူးပါဦးမယ်။ နောင်ကြီးရင် ခိုင်းပါလေ့။ ပေးပေး ငါ့မြေး အမေကြီး ရှင်းလိုက်မယ်”



သမီး နှစ်ယောက်က တစ်မျိုးစီ။ မအိမ်မြိုင်က အကြီးပေသိ စိတ်က မအိမ်ကံဘက် တူချင်သည်။ စိတ်မာသည်။ အနေတည်သည်။ စကားများများ မပြောဘဲ ငေးငေးငိုင်ငိုင် ရှိတတ်သည်။ ကလေး သဘာဝ ကစားဟယ် ဆော့ဟယ်လည်း မရှိ။ ချောင်တစ်ချောင်မှာ ကုပ်ကုပ်ကလေး နေတတ် သဖြင့် မအိမ်ကံပင် အားမရ။ မိန်းကလေး သဘာဝ၊ တော သဘာဝ ဖန်ခုန်တာ၊ ကြက်ခွပ်တာ မျိုးတော့ ဝေးရော။ ကျောင်းက ပြန်ရောက်သည်နှင့် သလဲသီး မှည့်မှည့်တွေ ရွေးဆွတ်ပြီး အစေ့ရဲရဲ ကလေးတွေ တစ်စေ့ချင်း ခြွေသည်။ စံပယ်ပွင့် ကလေးတွေ၊ ဇွန်ပွင့် ကလေးတွေကို တစ်ပွင့်ချင်း ဆွတ်ကာ သီကုံးတာမျိုးလည်း ၀ါသနာ ပါသည်။ တစ်ခါ တစ်ခါ ထူးဆန်းသော မေးခွန်းတွေ မေးတတ်သည်။

“အမေ သလဲစေ့ကလေးတွေကို နီအောင်၊ စံပယ်ပန်းက လေးတွေကို ဖြူအောင် ဘယ်သူက ဆေးဆိုးပေးသာလဲ။ ချည်ခင်တွေကို ဆေးဆိုး သလိုပေါ့နော် အမေ”

“အေးပေါ့ သမီးရယ်၊ သဘာဝက ဆေးဆိုး ပေးသာပေါ့။ သလဲစေ့ ဆိုရင် နီရမယ်။ စံပယ်ပွင့် ဆိုရင် ဖြူရမယ်ဆိုသာ ရှိပြီးသား သမီးရဲ့”

“သလဲစေ့ အ၀ါလည်း ရှိသာပဲ မှုတ်လား အမေရဲ့”

ဒါလည်း ဟုတ်သား။ သလဲသီးအ၀ါမျိုးရှိသည်။ မအိမ် ကံတို့အိမ်မှာ မရှိသော်လည်း မမ စိမ်းမြတို့ ၀ိုင်းထဲမှာ သလဲပင် တစ်ပင်ရှိသည်။ မအိမ်မြိုင်က ဒါကို ပြောခြင်းဖြစ်သည်။
“သလဲသီး အ၀ါမျိုးဆိုတော့ သလဲစေ့ကလည်း အ၀ါ ရောင်ပေါ့ သမီးရဲ့”

“ဆန်းတယ်နော် အမေ”
မအိမ်မြိုင်က အဲသလို ရှာရှာဖွေဖွေ တွေးတတ်သည်။ ရှာရှာဖွေဖွေ မေးတတ်သည်။ သည်လို အခါမျိုးတွင် သမီးကို မအိမ်ကံ နားသွင်းရပါ၏။
“မဆန်းပါဘူး သမီးရယ်။ ဒါ မျိုးရိုးနဲ့ ဆိုင်သယ်။ သူ့ မျိုးရိုးက သူဆင်းသက်လာသာ ဆိုတော့ အရောင် မပြောင်းဘူး။ အစဉ် မပျက်ဘူးပေါ့ သမီးရယ်။ မျိုးရိုး အတိုင်း ဖြစ်ရသယ်။ ဒါကြောင့် မျိုးရိုး အရေးကြီးသယ် ပြောကြသာပေါ့။ မျိုးရိုးဆိုသာ မတိမ်ကော ကောင်းဘူး”

မအိမ်မြိုင်က ဖအေ့ဆီက နူးညံ့ခြင်း သိမ်မွေ့ခြင်း အမွေကို ရထားသကဲ့သို့ မအေ့ဘက်က ရုပ်ရည်နှင့် မာနကို ရရှိသူ ဖြစ်သည်။ မာန်မာန မဟုတ်သော မိန်းမသား တစ်ယောက်၏ စာရိတ္တ မာန ဖြစ်သည်။ ဒါကြောင့်ပင် ထင်ပါ၏။ မအိမ်မြိုင်သည် တစ်ခါတလေ နူးညံ့ နေတတ်ပြီး တစ်ခါ တစ်ရံမှာတော့ ပိုးပိုးပေါက်ပေါက် ရှိတတ်ပါ၏။ ရုပ်ရည်ကို ကြည့်ပြန်တော့ ဖအေနှင့်လည်း တူသည်။ မအေနှင့်လည်း တူသည်။ ဖအေ မအေတို့၏ အလှနှစ်မျိုး ရောထားသော ထူးခြားသည့် အဆင်ကွဲ အလှကလေးနှင့် ဖြစ်သည်။ ၀င်းဝါ၀ါ အသားအရေ၊ ဖူးစူစူ နှုတ်ခမ်းကလေးနှင့် မေးဝိုင်းကလေးက မအေ။ မျက်နှာကျ ပြေပြေ၊ နှာတံစင်းစင်း၊ မျက်လုံးတောက်တောက်က ဖအေ။ အမေပန်းရုံကဆိုလျှင် သူ့မြေးမကို ပပ၀တီလို့ပင် ခေါ်တတ်သည်။ စိတ်လိုလက်ရ ရှိလျှင် မြေးမခေါင်းကို အုန်းဆီကလေး ပွတ်ပေးရင်း မျက်နှာကို မေးစေ့က ပင့်ကာ မော့မော့ကြည့်သည်။

“ချောလိုက်သယ့် မိန်းမနှယ်အေ။ ကြည့်စမ်း လှအုံ။ ငါ့မြေး သည်အရွယ် သည်လောက် ချောမှတော့ ကြီးရင် ပြောစရာကို ရှိမှာ မှုတ်ဘူး။ ပပ၀တီတောင် ရှုံးလောက်သယ်။ အငယ်မြေးမကလည်း တစ်မျိုးချောသာအေ့။ ဆုတောင်း ကောင်းချက်တော့”

“ရှင်အိမ်ကံ သမီး၊ မောင်ပြေသိမ်း သမီး မချောဘဲလား။ ဖအေချော၊ မအေချော။ တော်ပါသေးရဲ့။ ဘိုးသာထန်ဘက် သွားမတူလို့”

မလှအုံ စကားကြောင့် အမေ ပန်းရုံရော မအိမ်ကံပါ ရယ်ကြရသည်။ သမီး နှစ်ယောက်ကို အမွှမ်းတင်တော့လည်း မအိမ်ကံ ရင်ကလေး နွေးရပါ၏။ သမီးချောတော့ ရွာက ပြောလိမ့်မည် ဆိုသလို လူတကာက မအိမ်ကံ သမီးတွေ ချောလှတယ် ဆိုကြသည်။ ထနောင်းတိုင်က အမျိုးတွေက ဆိုလျှင် ရွှေပေါ်မြတင် ရှိကြသည်။ ထနောင်းတိုင် သွားတိုင်း မြေးတွေကို ဂွမ်းပေါက်နှင့် တို့ထားမတတ် ချစ်ကြသည်။ အညစ်အကြေး မရှိလို့ စင်ကြယ်တာတဲ့။ သည်စကားကို မအိမ်ကံ သဘောကျ လှပါ၏။ သမီးတွေကို စိတ်အညစ်အကြေး၊ ကိုယ်အညစ်အကြေး မရှိအောင် မွေးမြူရမည်။

သည်လိုနှင့်ပင် သမီးကြီး မအိမ်မြိုင်ကို မြင်းခြံ ပို့ရမည့် ရက်နီး လာခဲ့လေပြီ။ မြင်းခြံမှာ ထားရမည့် အိမ်တွေ ရှိသော်လည်း ကိုပြေသိမ်းက သူ့ညီအရင်း ကိုသက်မင်းတို့ အိမ်မှာ ထားမည်ဆို၏။ ကိုပြေသိမ်း၏ အစ်ကိုကြီး ကိုသက်ဝင်းကတော့ ရွာစည်သူနှင့် အိမ်ထောင်ကျပြီးကတည်းက ရွာစည်မှာ တစ်အိုးတစ်အိမ် ထူထောင်ခဲ့တာပင် မအိမ်ကံနှင့် အကြောင်း မပါခင်က ဆိုတော့ ရွာစည်သား လုံးလုံး ဖြစ်နေခဲ့တာ ကြာပြီ။ သက်နှင်းနှင့် သက်မင်း ညီအစ်ကို နှစ်ယောက် ကျန်ကြသည့် အထဲက ကိုသက်မင်းမှာ နိုင်ငံရေးကို ၀ါသနာ အလျှင်း မရှိ။ မြင်းခြံမြို့စွန်မှာ ရွာထွက်ကုန်တွေ လှောင်သည့် အလုပ်လုပ် ကိုင်ရင်း တောသားကြီ လိုနေသူ ဖြစ်သည်။ မြို့မှာနေသည် ဆိုသော်လည်း မြို့သွေးမြို့ရည် မရှိ။ တကယ့်တောင်သူကြီး နှင့်မခြား ရိုးရိုးကုပ်ကုပ် နေသူသာ ဖြစ်၏။ ကိုသက်မင်း မိန်းမ မလှရှင်ကလည်း တောသူ ဆိုတော့ ကိုသက်မင်းနှင့် မခြား ရိုးရိုးအေးအေးကြီး ဖြစ်၏။ မြို့ထဲကို ကျောင်းတက်ရန် စက်ဘီးတစ်စီး ၀ယ်ပို့မည်ဆိုတော့ ကိုသက်မင်းက အပို့မခံ။ စက်ဘီး အသစ်တစ်စီး ၀ယ်ထားပြီး ဖြစ်ကြောင်း လူကြုံမှာ သည်။ အိမ်အပေါ်ထပ် အခန်းတစ်ခန်း ပေးထားသည့် အပြင် မလှရှင်က ကျောင်းထမင်းချိုင့်တောင်စီစဉ်ပြီးကြောင်း ဆိုသည်။

“သက်မင်းတို့ လင်မယားက အေးအေး။ ငါ့သမီးက အေးအေးနဲ့တော့ ဟန်ကျပြီပေါ့ကွာ။ ထားကြည့်သေးတာပေါ့ လေ။ သမီး မပျော်တော့လည်း မြို့ထဲ ရွှေ့ကြတာပေါ့။ မြို့ထဲမှာလည်း ထားစရာ အိမ်ရှိပါတယ်”

ကိုပြေသိမ်းက သမီး မပျော်မှာ စိုးရှာသည်။ ထူးဆန်းတာက မအိမ်မြိုင်ပင်။ မိဘနှစ်ပါးနှင့် တကွ ဘွားအေတွေ၊ ဒွေးကြီး၊ ဒွေးလေးတွေနှင့် ခွဲရမှာကိုလည်း ပူပန် လွမ်းဆွတ် ပုံမရ။ ညီမငယ် မအိမ်ခိုင်ကိုပင် လွမ်းပုံ မပေါ်။ ဘထွေးမင်းတို့ အိမ်နေရမှာနော် ဆိုတော့လည်း အင်းမလှုပ်။ မြို့ထဲ ရွှေ့သင့် ရွှေ့ကြတာပေါ့ ဆိုတော့လည်း မငြင်းပါ။ သည်ကလေးမက တစ်မျိုးပဲလို့သာ အောက်မေ့ရ တော့သည်။ ဘွားအေကြီးက တစ်ရက်တွင် မအိမ်မြိုင်ကို ခေါ်ကာ ခြောက်မူးသား ရွှေလက်စွပ်ကြီး တစ်ကွင်း လက်ခလယ်မှာ စွပ်ပေးသည်။ မြေးဦးကို အမှတ်တရ ပေးခြင်း ဖြစ်၏။

ဆက်ဖတ်ရန်...

R For Ree Noe Mann နဲ့ ရ For ရီနိုမာန်

ကဲ ကိုဘို နဲ့ ညီလေး ဗညား ရေးပေးတာနောက်ကျတဲ့ အတွက်ဆောတီးဗျာ
မပြည့်စုံတဲ့ အတွက်ကျေနပ်ပေးပါအုံးနော်။ ကိုဘိုကိုလည်းကျေးဇူးတင်ပါတယ်ဗျာ။
ဝိုင်းပြီး ခေါင်းစားပေးတဲ့ အတွက်ပါ။

R For Ree Noe Mann


1. What is your name : Ree Noe Mann

2. A four Letter Word : Rich

3. A boy's Name : Romeo

4. A girl's Name : Rain

5. An occupation : Representative

6. A color : Royal Blue

7. Something you'll wear : Ring

8. A food : Raisin

9. Something found in the bathroom : Rejoice Shampoo

10. A place : Royal Myanmar

11. A reason for being late : Raining

12. Something you'd shout : Run Run Run

13. A movie title : Ratatouille

14. Something you drink : Rum

15. A musical group : Red Hot Chili Peppers

16. An animal : Rabbit

17. A street name : Recreation Road, Singapore

18. A type of car : Ranger

19. The title of a song : Rock n’ Roll

20. A verb : Remember


ရ For ရီနိုမာန်

1. What is your name : ရီနိုမာန်

2. A four Letter Word : ရိုးရိုးသားသား

3. A boy's Name : ရှိန်

4. A girl's Name : ရွှေ

5. An occupation : ရပ်ကွက်လူကြီး

6. A color : ရေညိုရောင်

7. Something you'll wear : ရှူးဖိနပ်

8. A food : ရွှေကြည်ကိတ်

9. Something found in the bathroom : ရေခွက်

10. A place : ရောမမြို့

11. A reason for being late : ရာသီဥတု မကောင်းလို့ပါ့ 

12. Something you'd shout : ရေး.းးးးးးးးးးးးးးးးးးးးးးးးး

13. A movie title : ရင်ဘတ်ထဲကလိပ်ပြာ

14. Something you drink : ရှမ်ပိန်အရက်

15. A musical group : ရီရန်ရွာ အဖွဲ့ ( အဖွဲ့ကို ကျနော်စဉ်းစားလို့ မရ၍ ရကောက် အမျိုးအနွယ်ဖြစ်တဲ့ ကျနော်ရယ်၊ ကိုရွာသားနှင့် ညီလေးရန်ကုန်သားတို့ပေါင်းပြီ ဖွဲ့စည်းလိုက်ခြင်းဖြစ်ပါသည်။ ကိုရွာသားနှင့် ရန်ကုန်သားကို ဒီကနေပဲ ခွင့်တောင်းပြီး ခွင့်ပြုပေးပါလို့ ...........

16. An animal : ရွှေငါး

17. A street name : ရတနာလမ်း

18. A type of car : ရိုးရိုး မာစီဒီကား

19. The title of a song : ရင်ခုန်သံ အရင်းနှီးဆုံး

20. A verb : ရူးသွပ်သည်


လေးစားစွာဖြင့်
ရီနိုမာန်

ဆက်ဖတ်ရန်...

မအိမ်ကံ ( For Nov အပိုင်း - ၁ )

ယခင်လမှအဆက်.....

၁၃၁၇ ခုနှစ်၊ နယုန်လ။
ညောင်ရေသဘင်၊ပွဲစဲလျှင်ကား၊
ထက်ခွင်မိုးလ၊
ကြယ်ဇေဠနှင့်
ပြည့်ဝစင်ကြယ်၊
စံပယ်မြတ်လေး၊
ပင်တိုင်း မွှေး၍၊
တွေးတွေးမောင်းနီ၊
ညွန့်ချင်းစီသို့၊
ရာသီမေထုန်။
လ နယုန်မူ၊
မြူးခုန်သာရွှင်၊
မိုးလုလင်လည်း၊
ရွာကျင်ခြိမ့်မျှ၊
ရေးငန်းပြလျှက်...”

ကဆုန်လ ညောင်ရေသွန်းပွဲ ပြီးလေပြီ။ ဇောင်ချမ်းကုန်းရွာ ကျောင်းရှိ ဗောဓိ ညောင်ပင်ကြီးမှာ ရေသွန်းလောင်းကြသည်။ ညောင်ရေပွဲကတော့ တိုင်းပြည်အခါ မကောင်းသည့်ကြားက စည်စည်ကားကား ရှိခဲ့ပါ၏။ မအိမ်ကံတို့ အိမ်ဝိုင်းတိုက်ထဲက စံပယ်ရုံ၊ မြတ်လေးရုံတို့ ပန်းရေးပြကြသည်ပင် ခူးလို့၊ ကုံးလို့ မကုန်နိုင်ခဲ့။ အိမ်တိုင်းဆီက စံပယ်ပန်းနံ့၊ မြတ်လေးပန်းနံ့တွေ ထုံသင်းလှပါ၏။ မိုးကတော့ ဟန်ရေး တပြပြပင်။ ယာတောင်သူတို့ မိုးကို မျှော်ကြသော်လည်း ကဆုန် လပြည့်ကျော်လို့ နယုန်လပြည့် ရောက်သည့်တိုင် မိုးတစ်ပေါက် မရွာဘဲ ရှိခဲ့သည်။

သို့သော် လောက သဘာဝတရား အရ ပွင့်ကြ၊ ဖူးကြ၊ မွှေးကြ၊ ကြိုင်ကြ သည်က တခြား၊ နိုင်ငံရေး ဆူကြပူကြ၊ ပြေးကြ လွှားကြရတာ ကတခြား ဆိုတော့ နေ့တပူပူ ညတဆူဆူ ရှိလေ၏။ လွတ်လပ် ရေးရပြီး ဆယ်နှစ်ပင် ပြည့်လေပြီ။ အင်္ဂလိပ်နှစ်နှင့် ဆိုလျှင် ၁၉၅၈ ခုနှစ်ကိုပင် ရောက်လာခဲ့သော်လည်း လွတ်လပ်ရေး ဆိုတာကိုပင် တောနယ် တစ်ဝိုက်က မေ့နေကြပြီ။ ကိုပြေသိမ်း ပြောနေကျ စကားနှင့် ဆိုလျှင် ရွာနာလွန်းလှပြီ။ အလုပ်ကောင်း ကောင်းမလုပ်ရ၊ စိုက်ပျိုးရေး ကောင်းကောင်းမလုပ်ရ၊ တစ်ဝမ်းတစ်ခါးလက်လှုပ်မှ ပါးစပ်လှုပ်ရသူတွေဆိုတော့ ဆင်းရဲကျပ်တည်းကြတာကလည်း ပြောစရာစကားတောင် မရှိသလောက်ပင်။ မအိမ်ကံတို့ ရက်ကန်းရုံက ရက်ကန်း ခြူကုံးသံ လွင်သေးသော်လည်း သွားရေး၊ လာရေးက လမ်းပူ လှပါသည်။ ဘယ်နေရာမှာမှ စိတ်ချရသည် မရှိ။ လုံခြုံရသည် မရှိ။ မြို့တွေမှာ အနီအ၀ါ ကွဲကြသလို နယ်တွေ၊ တောတွေမှာလည်း သည်ရောဂါကြီး ကူးစက်နေပြီ။


လွတ်လပ်ရေး မရခင်ကပင် အက်ကြောင်း လိုက်နေခဲ့သော နိုင်ငံရေးသည် ပိုမို ဆိုးလာသည်။ ဖဆပလ အတွင်း ပုဂ္ဂိုလ်ရေး အရ၊ အယူအဆ အရ အကွဲအပြဲတွေ များလေ၊ ဆူပူမှုတွေက အတော မသတ်လေ။ မအိမ်ကံ အဖို့ရာ ဒါတွေပဲကြား နေရတော့ သူတကာ သိတာထက် ပိုသိသည်။ သူတကာ စိုးရိမ်တာထက် ပိုစိုးရိမ်သည်။ သည်ကြားထဲက သမီးကြီး မအိမ်မြိုင် အရေးက ရှေ့တန်းကို ရောက်လာခဲ့ပါ၏။ မအိမ်မြိုင်က ဆယ့်နှစ်နှစ်သမီး အရွယ် ရောက်ခဲ့ပြီ။ ရွာကျောင်းက အတန်း ကုန်ခဲ့ပြီ။ သည်တော့ ကလေး ရှေ့ရေး၊ ပညာရေးကို စဉ်းစားကြရသည်။ ကိုပြေသိမ်းကတော့ ကျောင်းဆရာ ပညာတတ် ပီပီ သမီးကို ရှေ့ဆက်ပညာ သင်ယူစေချင်သည်။ မြင်းခြံကို ပို့ချင်သည်။ သည့်အတွက် ဘယ်သူ့ သဘောထားမှ တောင်းခံနေတာမျိုး မရှိတော့ မအိမ်ကံတို့ အိမ်ကြီးမှာ တစ်ချက်လွှတ် အာဏာသဖွယ် ဖြစ်နေခဲ့သည်။

အထူးသဖြင့် အမေပန်းရုံ။ အသည်း ပေါက်မတတ် ချစ်ရသော မြေးဦးဆိုတော့ မခွဲချင်တာ ပါသလို မခွဲနိုင်တာလည်း ပါသည်။ တစ်ချက်က မြေးမိန်းကလေးမို့ ဆင်သွားရာ ကျားပါမှာကို စိုးရှာတာလည်း ပါပါ၏။ မအိမ်မြိုင်က ဆယ့်နှစ် နှစ်သမီး ဆိုပေသိ မိန်းကလေး သဘာဝ တစ်နှစ် နှစ်နှစ် အတွင်း ကျေးမြီး လက်မျှော် ဘ၀ကနေ ဆင်ခြေပေါ် သမီးလှ အရွယ် ရောက်ဖို့သာ ရှိတော့သည်။ သူတကာထက် ချောမော လှပသူ ကလေးကလည်း ဖြစ်ပြန် ဆိုတော့ ဘွားအေကြီးတို့ ထုံးစံ အကဲ ပိုတာလည်း ပါသည်။ ပညာရဲရင့်မှ ပွဲလယ် တင့်မှာကိုလည်း နားလည်ပါ၏။

မိန်းကလေးများ ချောလျှင်၊ လှလျှင် ပုဆိုးအပ်တင် ဖျင်အစာချ ဆိုသည့် စကား ရှိသည်။ ပုဆိုးကောင်း ဆိုပေသိ အပ်တင်ချင် သူတွေ၊ ဖျင်ဘ၀ ရောက်မှ ချည်စာ ချချင်တာတွေ ဖြစ်သည်။ ၀ါးလုံးနင်း ၀ါးခြမ်းနင်း ဖြစ်ရှာလေ မလား ဆိုတာကို ပူပင်မှန်း မအိမ်ကံ သိပါ၏။ အမေပန်းရုံက ကြိတ်ခံစား နေသော်လည်း မလှအုံကတော့ သူ့ခံစားချက်ကို မောင်းကွဲကြီး ထုသလို ထုတော့၏။ သူ့လက် သူ့ခြေကြီး ရတာဆိုတော့ မြေးရင်းနှင့် မခြား အချစ်ကြီး ရှာသည်။ တချို့ညတွေမှာ သမီး နှစ်ယောက်စလုံး မလှအုံနှင့် အိပ်ကြတာ ဆိုတော့ ရှေးစကား၊ ရှေးပုံပြင်တွေကို စွဲနေကြပြီ။

“ညည်း ယောက်ျားက မြိုင်ကလေးကို မြင်းခြံ ပို့မလို့ပေါ့ ဟုတ်ကဲ့လား။ ဘယ့်နှယ့်အေ ငါတို့မှ ချစ်လို့ မ၀သေးဘူး။ ညည်းတို့ ဥစ္စာက မဖုတ်အိုးကျိုးလွယ်။ ကလေးမှ နို့အတ်နံ့ မစင်သေးဘူး။ တစ်မြို့တစ်ရွာကြီး သွားထားရမယ်လို့ လွန်လွန်းသယ်။ ညည်းကြည့်ပြောဦး”

“မလှအုံရယ်၊ မအိမ်ကံလည်း မှန်သာ ပြောရရင် မပို့ချင်ပါဘူး။ ပညာလည်း တတ်စေချင်ပါရဲ့။ မျက်စိအောက်က ပျောက်ရမယ့် အရေး တွေးမိတိုင်း စိတ်ဆင်းရဲ နေရသယ်။ မပို့လို့ကလည်း မဖြစ်ဘူး မလှအုံ။ လေးတန်းနဲ့ ပညာ တစ်စခန်းရပ်လို့ ကတော့ မအိမ်ကံတို့လိုပဲ တောထဲ၊ အခင်းထဲ ရက်ကန်း ရုံထဲ ဘ၀ ပြီးရမှာ။ ဖအေက ပို့မယ်၊ ပို့မယ် လုပ်နေသာ လေးတန်း စာမေးပွဲ ပြီးကတည်းက တကဲကဲ။ မအိမ်ကံ ဆွဲထားလို့ရယ်”

နယုန်လ စံပယ်တွေ၊ မြတ်လေးတွေ ကြိုင်လှသည် ဆိုသော်လည်း အိမ်ကြီးပေါ်မှာတော့ အပူ ရေစာကြီး နေကြသလို ဖြစ်နေသည်။ ကျေးဥ။ ကျေးဥကတော့ မအိမ်မြိုင်ကို မြင်းခြံ ပို့တော့မည် ဆိုကတည်းက မျက်နှာကြီး အမ်းနေအောင် ငိုရှာသည်။ ကျေးဥက ပလူမွေး၊ ပလူတောင်ကတည်းက ပွေ့ပွေ့ပိုက်ပိုက် ရှိခဲ့ရှာသည်။ သမီးနှစ်ယောက် ဖျားသည်၊ နာသည်ဆိုလျှင်ပင် မအိမ်ကံကမှ တစ်ရေး တစ်မှေး မှေးချင် မှေးသည်။ ကျေးဥက မအိပ်ပါ။ နေ့တနိုးနိုး၊ ညတနိုးနိုး။ မအေနှင့် မခြား စောင့်ရှောက်သူတွေ ထဲမှာ ကျေးဥကိုလည်း ထည့်တွက် ရပါ၏။ ကျေးဥကတော့ တောသူ၊ တောင်သား ပညာမဲ့ရှာသူ ဆိုတော့ ရင်ထဲ စကားကို မျိုမထားဘဲ ပွင့်ပွင့်လင်းလင်း ပြောရှာလို့ မအိမ်ကံပင် မျက်ရည်ဝဲ ရသည်။

“မအိမ်ကံရယ်၊ မြိုင်ကလေးကို မြင်းခြံပို့ရင် ငါတော့ ဖျပ်ဖျပ် လူးရတော့မယ် ထင်ပါရဲ့အေ။ ရင်ကျိုး ချင်နေပြီ။ လေးတန်းနဲ့ ကျောင်းနုတ် လိုက်ပါအေ။ သူတကာ သည်လို လေးတန်းနဲ့ တင်ပြီးကြသာပါ။ မိန်းကလေးပဲဟာအေ”

“သည်လိုလည်း ဘယ်ဟုတ်ပါ့မလဲ ကျေးဥရယ်။ ညည်း မေတ္တာ၊ ညည်းစေတနာ ငါသိပါသယ်။ ငါက မအေပါအေ။ ညည်းထက် ဆယ်ပြန် ရှိတော့မပေါ့။ ဒါပေသိ ခေတ်တွေက ညည်းတို့၊ ငါတို့ ငယ်ငယ်တုန်း ကလို မဟုတ်တော့ဘူး။ ရွာမှာပဲ ရက်ကန်းခတ် သလိုလို၊ ပဲနုတ်သလိုလို ကြီးရမယ့် အဖြစ်ကို သူ့ဖအေ ပညာတတ်က ဘယ်အဖြစ်ခံပါ့မလဲအေ။ ညည်းနဲ့ ငါ တစ်လ တစ်ခေါက် သွားတွေ့ကြသာပေါ့”


လေးစားစွာဖြင့်
ရီနိုမာန်


ဆက်ဖတ်ရန်...

ကိုယ်တိုင်ကြုံဖူးမှသိတော့တယ်

ကိုယ်ကိုတိုင် ကြုံတော့မှပဲ တစ်ပါးသူတုန်းက ဘယ်လိုခံစားခဲ့ရတယ် ဆိုတာကို နားလည်တော့တယ်။ ကျနော်ငယ်ငယ်တုန်းက အမေကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရတဲ့ အဖြစ်လေးကို မနေ့ညမှ ကျနော်ကိုယ်တိုင် ခံစားလိုက်ရတော့မှပဲ အမေခံစားလိုက်ရတဲ့ ဝေဒနာကို နားလည်နိုင်တော့တယ်။

ဒီလိုဗျ.. ကျနော် သုံးနှစ်သားလောက်မှာ အဖေတာဝန်ကျတဲ့ တောင်ငူမြို့မှာ ဓမ္မာစကြ်ာရွတ်ဖတ်ပူဇော်ခြင်းကို တစ်မြို့လုံး ကားနဲ့ပတ်ပြီး ရွတ်ဖတ်ပူဇော်ကြတာ။ အဲဒီ အထဲမှာ အမေလည်းပါတယ်။ ရွာလေး တစ်ရွာနားရောက်တော့ ကားရပ်ပြီး ခဏနားကြတယ်။ ကားပေါ်မှပါလာကြတဲ့ အမျိုးသမီး အားလုံးလည်း အပေါ့အပါးသွား အညောင်ဆန့်ကြနဲ့ပေါ့။ အမေလည်း အပေါ့အပါးသွားပြီး ပြန်အလာမှာ အမေအရှေ့က ဖြတ်သွားတဲ့ ဝက်ဖြူကလေးနှစ်ကောင်ကိုတွေ့တော့ ဘာရယ်မဟုတ်ပဲ ပါးစပ်က လွတ်ကနဲ ထွက်သွားတယ်။

" ဟယ်..... ဝက်ကလေးတွေက ချစ်စရာလေးတွေ၊ ရွှေဖျဉ်ကြီး ရွှေဖျဉ်လေး ကျနေတာပဲ " တဲ့။

ဒီလိုနဲ့ ကားပြန်ထွက်တော့ ကားပေါ်မှာ အမေ တံတွေးမြိုချလိုက်တာ တံတွေးသီးပြီ လည်ပင်းမှာ နားသလို ခံစားလိုက်ရတယ်။ သိပ်မကြာခင်မှာပဲ နာ သထက် နာလာတယ်။ တံတွေးတောင် မြိုချလို့ မရတဲ့ အထိဖြစ်လာတယ်။ ကားပေါ်မှာပါလာကြတဲ့ အန်တီတွေကလည်း ဘာဖြစ်လို့ ဖြစ်မှန်း မသိတော့ စိတ်ပူပြီ...

" ဟန်လေး သမီးဘာတွေ အစားမှားလို့လဲ "

" သမီး ဘာတွေများ ပြောမှားလုပ်မိလိုက်လဲ "

" ဟန်ဟန် သမီး ဘုရားပဲ အာရုံပြုထား "


ဆိုတဲ့ မေးခွန်းသံတွေသာ ကြားရပြီ အမေဆီမှ တစ်ခွန်းမှ ပြန်မပြောနိုင်ပဲ ခေါင်းညိတ်ခေါင်းခါ သာလုပ်နိုင်ခဲ့တယ်။ ကားတွေလဲ မဏ္ဍပ် ရောက်တော့ ရွတ်အဖွဲ့ကို ကြာဇံဟင်းခါးကျွေးတယ်။ အမေကလည်း ဗိုက်ကဆာတော့ ကြာဇံဟင်းခါးကိုသောက်တာ ဘယ်လို့မှ သောက်လို့ မရဘူး။ သောက်ကလည်း သောက်ချင်ဆိုတော့ အမေမှာ တော်တော်လေး စိတ်ပျက်ခဲ့ရတဲ့ အချိန်ပေါ့။ ဘေးကကြည့်နေတဲ့ လူတွေတောင် အမေကို သနားနေကြပြီ။

အမေကိုယ်တိုင်လည်း စဉ်းစားတယ်။ ငါဘာများ ပြောမှားဆိုမှားရှိလို့လဲပေါ့။ စဉ်းစားရင် စဉ်းစားရင် အမေသတိရသွားတယ်။ လမ်းမှာ ဝက်နှစ်ကောင်ကိုကြည့်ပြီး ပြောခဲ့မိတာ သတိရပြီ ချက်ချင်းပဲ စိတ်ထဲကနေ တောင်းပန်လိုက်တယ်။
" သမီး ဘယ်လိုရည်ရွယ်ချက်နဲ့မှ ပြောရခြင်း မဟုတ်ရပါဘူး။ မထင်မှတ်ပဲ ပါးစပ်က လွတ်ကနဲထွက်သွားတာပါ။ မသိလို့ပြောမိတာ ခွင့်လွှတ်ပေးပါ ဘာညာသာလကာပေါ့"
အမေကတော့ ပြောပြတယ် ကျနော်က မမှတ်မိတော့တာ။ အများကြီးမှ အများကြီး ဆုတောင်းလိုက်ရတာတဲ့လေ။ ဆုတောင်းလို့ ကြာဇံချက်လေး တစ်ဇွန်းလောက် သောက်ကြည့်လိုက်နဲ့ လုပ်ရင်းလုပ်ရင်းနဲ့ မထင်မှတ်ပဲ အနာသက်သာသွားတယ်တဲ့။ အမေပြောပြတုန်းကတော့ ဪ... အဲလောက်လဲ ခံစားရမှာမဟုတ်ပါဘူး။ အမေပြောတာပိုတာလဲ ဖြစ်မှာပါလို့ တွေးလိုက်မိတယ်။

ကဲ ကိုယ့် အလှည့်လည်းရောက်ရော ပိုတယ်လို့ကို မထင်တော့ဘူး။ "ဟုတ်မှာပါ ဟုတ်မှာပါ "အမေခံစားရတာ ငါဖြစ်တာထက်ပိုဆိုးမှာ ပါလို့နားလည်သွားတော့တယ်။ ဖြစ်ပုံကဒီလို.....................

အမှန်က အပူကန်တာ။ အာခေါင်မှာ အပူဖုပေါက်တာ။ အဲဒီညမှာပဲ အကျိုးနဲ့ အကြောင်း တိုင်ဆိုင်သွားတော့ အကြောင်းအရာလေး ဖြစ်ရသလိုပေါ့။ ညဦးပိုင်းမှာပဲ ကျနော်က ဘုရားစင်ကိစ္စ သူငယ်ချင်းကို ဘုရားစင်က ကုတင်နဲ့ ထိထားရင် ကုတင်လှုပ်ရင် ဘုရားသောက်တော်ေ၇တွေလည်း လှုပ်သွားရင် ဘုရားဘုန်းပေးတဲ့ အခါ အဆင်မပြေဖြစ်မှာပေါ့ ဆိုတာကို အမူအရာနဲ့ သူငယ်ချင်းကို လုပ်ပြခဲ့မိတယ်။

မနက်ကြတော့ အာခေါင်မှာ အပူဖုက တော်တော်ကိုနာနေပြီ။ တံတွေးမြိုချလိုက်ရင်လည်း တော်တော်လေးကို နာကျင်ခဲ့ရတယ်။ အလုပ်ကလည်း မသွားလို့ မရ။ အသွားဘူးဆိုရင် တစ်ရက်ကြိုပြောရမှာကိုး။ အလုပ်သွား၊ အလုပ်ထဲလည်း ဘယ်သူနဲ့မှ စကားမပြောနိုင်၊ ဖြစ်နေတာ ကျနော် ဘဝ။ တော်တော်လေးကို ဆိုးခဲ့တဲ့ ဘဝ အချိန်ပိုင်းလေးပါ။ ညနေငါးနာရီလောက်ထိ ထမင်းမစား ရေမသောက်ပဲ နေခဲ့ရတယ်။ ဘုရားကိုလည်း ဆုတောင်းပေါ့။ ငါးနာရီနောက်ပိုင်းလောက်မှ အပူကျသွားတယ်ထင်ပါ့ ရေစသောက်လို့ရတယ်။ ဗိုက်ကလည်း ဆာနေတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ထမင်းလည်း စားလိုက်တော့ စားလို့ ရသွားတယ်။

ကိုယ့်ကိုတိုင် ဖြစ်တော့မှပဲ အမေပြန်ပြောပြခဲ့တာတွေကိုလက်ခံနိုင်တော့တယ်။ နောက်ပြီး ဝဋ် ဆိုတာ နောင်ဘဝမရှိဘူး ဆိုတာကိုလည်း ပိုပြီး နားလည်သဘောပေါက်လာတယ်။ ဒါကြောင့် ရှေ့လူကြီးတွေကပြောတာ "သွားသတိ၊ လာ သတိ၊ စား သတိ၊ နေ သတိ၊ ပြော သတိ "တဲ့။

လေးစားစွာဖြင့်
ရီနိုမာန်

ဆက်ဖတ်ရန်...

သံယောဇဉ်

ရက်စက်မှုအပြည့်နဲ့
ရင်ကို စုံကန်သွားတဲ့ နင့်ကို
ငါ မေ့လို့ မရဘူးဟာ..........

ဘယ်အချိန်မှာ ပြန်လာမလဲလို့
ဆိုတဲ့ မျှော်လင့်ချက်နဲ့
စောင့်နေမိတာ ငါ့အမှားလားဟာ.......

ဘယ်တော့မှ ပြန်မလာမှန်း သိပေမယ့်
ငါ့ရဲ့ နှလုံးသားက နင့်ကို
သစ္စာရှိနေတယ် ဆိုတာ သိစေချင်တယ်ဟာ.....

ငါလေ.......ငါလေ.......
နင့်ကို ထာဝရ ချစ်နေမဲ့
နင့်ရဲ့ .............. ။


လေးစားစွာဖြင့်
ရီနိုမာန်

ဆက်ဖတ်ရန်...

ဆရာမနုနုရည် (အင်းဝ)


ဆရာမနုနုရည် (အင်းဝ) ရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လညး ကန်တော့ခံတော်မူပါ။

ညီလေး သားကြီးမှ တောင်းဆိုထားသောကြောင့် တင်ပေလိုက်ရပါတယ်။ ညီလေး သားကြီးရေ စာတွေက များလွန်းလို့ အကို မရိုက်နိုင်တော့လို့ ခုလိုလုပ်ပြီး တင်ပေးလိုက်ပါတယ် အဆင်ပြေမယ်လို့ ထင်ပါတယ် ကွာ။

( ဝန်ခံချက်) ဆရာမရဲ့ စာအုပ်ကို ကျနော် နှစ်သက်သောကြောင့်၎င်း၊ ကျနော့်ဘလောဂ့်လေးတွင် လာရောက်စာလာဖတ်ကြသော ကျနော် ညီအကိုမောင်နှမများရဲ့ တောင်းဆိုချက်ကြောင့်၎င်း၊ ကျနော့် ဘလောဂ့်လေးတွင် အမှတ်တရရှိစေရန် ရည်ရွယ်ပြီး Can't Catch Group ရဲ့ခွင့်ပြုချက်နှင့် ဆရာမရဲ့ စာအုပ်လေးအား ပိုစ့်အဖြစ် တင်ရပါကြောင်း ဝန်ခံအပ်ပါသည်။

လေစားစွာဖြင့်
ရီနိုမာန်

ဆက်ဖတ်ရန်...

မအိမ်ကံ ( For Oct အပိုင်း - ၅ )

မအိမ်ကံ အံတစ်ချက် တင်းတင်းကြိတ်ရင်း ထင်းပုံပေါ်က ဆင်းလာခဲ့၏။ သည်ကိစ္စမှာ မအိမ်ကံ တရားခံကို ဖော်နိုင်ခဲ့ပြီ။ တစ်ရွာလုံး မစဉ်းစားခဲ့သည့် ကိစ္စ။ တစ်ရွာလုံး မပြောပါနှင့် ကိုပြေသိမ်းပင် တရားခံ မရှာနိုင်ခဲ့သည့် ကိစ္စ။ လက်သည် ပေါ်တာတော့ ဟုတ်ပါပြီ။ ဘာဆက်လုပ်မလဲ။ ဘယ်သူ့ကို ပြောရမလဲ။ ရွာသူရွာသားတွေ အစည်းအဝေး ခေါ်ပြီး သည်ကိစ္စကို အူမ ချေးခါးဖွင့်ချရင်ကော။ မအိမ်ကံ ပြောပြလျှင်ကော ယုတ္တိယုတ္တာ ရှိပါ့မလား။ ညည်းကိုယ်တိုင် ဒိဋ္ဌမျက်မြင် ဟုတ်လို့လား မေးလျှင် ဘယ်လိုဖြေမလဲ။ ဘာနဲ့ သက်သေ ထူမလဲ။

မအိမ်ကံ အချိန် ယူရဦးမည်။ အကွက်တကျ စဉ်းစားရ ပါဦးမည်။ ကြီးတော်စံရွှေကို လက်ဆုပ်လက်ကိုင် ပြနိုင်ဖို့က အရေးကြီးသည်။ ကိုပြေသိမ်းကိုပင် မပြောသေးဘဲ ဥာဏ်မီ သလောက် ဝေဖန် စဉ်းစားချင်ပါသေး၏။ မအိမ်ကံ အဖို့ရာ သွားလည်း သည်စိတ်၊ စားလည်း သည်စိတ်။ ထိုင်တော့လည်း သည်စိတ်၊ ထတော့လည်း သည်စိတ်။ သည်ကိစ္စ သင်္ကာ မရှင်းရမချင်း မအိမ်ကံဘက်က ရှုံးနိမ့်နေသလိုလည်း ခံစားရသည်။ တစ်ရက်ရက်မှာတော့ အစ်ကိုလေး ကိုစံကောင်းကို ဖွင့်ပြောပြပြီး တိုင်ပင်မည်လို့သာ တေးထားခဲ့ပါ၏။ တရားခံ သိလျက် အဖမ်းခက်ရသည့် အဖြစ်ကလည်း မခံချင်စရာတော့ အကောင်းသား။ ဘာပဲဖြစ်ဖြစ် ရင်ထဲငြိနေသော စလုံး စခုတော့ ကျေခဲ့ပြီ။

နောက်ရက်တွေမှာလည်း မအိမ်ကံ တနုံ့နုံ့ဖြစ်နေရသည်။ စာမရီ ငှက်လို အမွေးတစ်တောင် အကျွတ်မခံခဲ့ သူက ဘာမှ မလုပ်နိုင်ဘဲ ငုတ်တုတ် လည်စင်းဖြစ်နေရတာကိုပဲ မကျေနိုင်မချမ်းနိုင် ဖြစ်နေခဲ့ရသည်။ သမုန်းကိုင်းကို လိုက်သွားကာ ရင်ဆိုင် ပစ်လိုက်ချင်စမ်းလှသည်။ ဘယ်သူမှ မပါကြေး ဓားရှည် တစ်လက်စီနှင့် ရင်ဆိုင်ပစ်ချင် စိတ်တွေသာ ရှိခဲ့သည်။ ကြီးတော် စံရွှေကတော့ “တို့သည်လို လုပ်လိုက်တော့ သင်း ဘာတတ်နိုင်သတုံး”လို့ ကွယ်ရာကများ ပြုံးနေ လေမလား။

“နှစ်ပေါင်းများစွာက ရှိခဲ့တဲ့ အငြိုးဟာ အိုကြီးအိုမ အရွယ်အထိ ကျေပဲ မကျေနိုင်ခဲ့ပါလား။ ကြောင်တစ်ကောင်ကြောင့် ကြွက်တစ်မြုံလုံး သေကြရပြီ”

လိပ်ခဲတည်းလည်း ဖြစ်နေခဲ့ရသော ကျောင်းမီးရှို့ ခံရသည့် ကိစ္စကို ဖြေဖြန့်ချဖို့ အကွက် ချောင်းနေခဲ့သော မအိမ်ကံ အဖို့ရာ ပို၍ပင်ေ၀၀ါးသွားခဲ့ရပါ၏။ ကြီးတော်စံရွှေ ဆုံးပြီ ဆိုသည့် သတင်းရောက်လာခြင်းကြောင့်ပင်။ မအိမ်ကံကို နောက်ဆုံး လက်စားချေသွားခဲ့ပါပကော။ သေခြင်းနှင့် အတူ အနိုင်ပိုင်း သွားခဲ့ပြန်ပါပကော။ သင်္ကာ ရှင်းချင်ရင် တမလွန်ကို လိုက်ခဲ့တော့ မအိမ်ကံရေလို့ မှာသွားခဲ့သည်နှင့်ပင် တူလေတော့သည်။ သည်ကိစ္စ ဘယ်သူ့ကိုမှ မပြောတော့ဘူးလို့ပဲ မအိမ်ကံ ဆုံးဖြတ်ခဲ့သည်။ ကျောင်းကို လောင်မြိုက်ခဲ့သော မီးထက် အဆများစွာ ပူပြင်းလှသော မအိမ်ကံ၏ အမုန်းအာဃာတ မီးတောက်မီးလျှံကြီးသည် သာအောင်နှင့် ရွှေမှုံတို့ အပေါ် မိုးကြိုး လောင်မီးကျသလို ကျခဲ့ခြင်းသာ အဖတ်တင် လေတော့သည်။
မအိမ်ကံ ဘာလုပ်ရမလဲ။ သည်လိုနှင့် နေ့ရက်တွေသာ ကုန်ခဲ့လေပြီ။

“ဘုရားငုတ်တို ရောင်ခြည်လွှတ်မှ___ပုံတော်ဝတ်ကြပါ စို့ မယ်ခွေးရယ်___အောက်ပြည်ကလှေတော်ထိုး ပိုးဝယ်ခဲ့ မယ်___အနားမှာတဲ့ စိမ်းနုခြယ် အလယ်ခေါင်သံရောင်ကွက် နှင့် ပုံတော်ဝင်လို့ ရက်တော့___လက်ခတ်သံကျွန်းဖိုသား___ သောင်းတိုင်ကကြား___”

အရီးကြာညွန့် အသံက လွမ်းချင်စဖွယ် ကောင်းလှသည်။ သင်္ကြန် အခါတော်ရက် တစ်ကျော့နီးပြန်ခဲ့ပြီ။ အညာနွေ အပူရှိန်က လျော့ကျမသွားသော်လည်း တစ်ခါတစ်ရံ မိုးရိပ်ကလေး ဆင်သည်မို့ တန်ခူးလေက လေအေးရပါ၏။ သည်ကနေ့က ဥပုသ်နေ့။ ရက်ကန်းသားတွေ နားသည့်ရက်ဖြစ်သည်။ မအိမ်ကံက တစ်ပတ် တစ်ရက် နားခိုင်းထားသည်။ ရက်ထည် အမှာအပြုများတော့လည်း မနားကြပါ။ သည်ရက်တွေထဲမှာတော့ နည်းနည်းလေး အနားရကြပါ၏။ မအိမ်ကံနှင့် အရီး ကြာညွန့်တို့ နှစ်ယောက်ကတော့ ရက်ကန်းစင်တွေ အားသခိုက် အဆင်နှင့် ရက်သားတွေ လိုက်ကြည့်ကြရသည်။ သည်ရက် တွေထဲမှာ မအိမ်ကံ စိတ်ကူးရထားတာ ရှိသည်။ မြို့က အပ်ချုပ်စက်တွေ မှာပြီး ချုပ်ထည်ကလေးတွေပါ ချုပ်နိုင်လျှင် ဈေးပန်းလှမည်ဟု ထင်သည်။ အမရပူရမှာ ရက်ကန်းကျောင်း ဖွင့်နေသည်ကြားတော့ ရက်ကန်း သမတချို့ကို လွှတ်ချင်သည်။

“အပ်ချုပ်စက်တွေက မြင်းခြံတော့ ရောက်မရောက် မပြောတတ်သေးဘူး အရီးရဲ့။ မန်းလေးမှာတော့ တော်တော် တွင်ကျယ်နေသတဲ့။ ကိုပြေသိမ်း ပြန်လာလို့ ပြောသယ်။ မအိမ်ကံတော့ ချည်ထည်ကလေးတွ ခေတ်မီမီချုပ်ပြီး မြင်းခြံ တင်ရောင်းချင်နေမိသယ်”

သည်ခေတ်မှာ လက်တို၊ လက်စက၊ လက်ပြတ် အင်္ကျီတွေ အတော်အ၀တ်များလာကြသည်။ ရင်ဖုံးရင်စေ့ကလေးတွေမှာ ပန်းထိုး၊ ဘော်ကြယ်ပွင့်ထိုးကလေးတွေ ထိုးကြသည်။ စမူဆာ ရင်ဖုံး၊ သုံးထောင့်ချွန်း ရင်ဖုံး၊ ရင်ဖုံး ဇောက်ထိုး၊ ပခုံးဆက်၊ လက်ဖျားကား၊ လည်ခံခွေ အင်္ကျီပုံကလေးတွေကို မအိမ်ကံ သဘောကျသည်။ ရင်ဆက်ကျောဆက် အင်္ကျီတွေ တစ်ခေတ် ကုန်ပြန်တော့ လည်ထောင်ကလေးတွေ အ၀တ်များ လာကြသည်။ အင်္ကျီ လက်ဖျားကားကလေးတွေက ခေတ်မရှိ တော့သော်လည်း လက်ဖျားနှင့် လည်ပင်းမှာ တက်တင်းဇာ ကလေးတွေ ပါးပါးထည့်ကြတာကိုတော့ နှစ်သက်ကြတာ တွေ့ရသည်။ အပ်ချုပ်စက် လေးလုံးလောက် ၀ယ်လျှင် အင်္ကျီ ဆိုက်အမျိုးမျိုး သူ့စက်နှင့်သူ ခွဲပေးလိုက်ရုံပင်။ ပိတ်ညှပ်တာ၊ ချုပ်တာကတော့ မန်းလေးမှာ သွားသင်မှ အဆင်ပြေမည်။ ရွာက မိန်းကလေးတွေ စက်ချုပ် တတ်သွားလျှင် အလုပ်အကိုင် မရှားနိုင်တော့။ မြို့ကြိုက်ထည်တွေ ချုပ်ပြီး မြင်းခြံဈေးမှာ တင်လျှင် လုပ်ငန်း ဖြစ်နိုင်သည်။ မအိမ်ကံကတော့ ကိုယ့် စီးပွားဖြစ်ရေးထက် ရွာမိန်းကလေးတွေ ထမင်းတစ်လုတ် ထင်းခုတ် မစားကြရလျှင်ပင် တော်လှပြီ အောက်မေ့သည်။

“ကောင်းသာပေါ့အေ။ ဟောသည် နားရွာတွေ ရောင်းသာနဲ့သင် ကုန်သယ်။ ဘယ်မှ တင်နေစရာ မလိုပေါင်အေ။ ရွာက မိန်းကလေးတွေက သွားသင်ချင်ပါ့မလား။ တစ်ချက် စဉ်းစားစရာ”

“မန္တလေးက စက်ချုပ် ဆရာမ ငှားရင်ကော အဆင်ပြေမလား မသိဘူးနော်။ စရိတ်တောင် ကျဉ်းလောက်သယ်”

“အဲသာတော့ ဖြစ်လောက်သယ်။ တို့ရွာက ကလေးတွေက ညည်းသိတဲ့ အတိုင်း သွားဝံ့ကြမယ် မထင်ဘူး”

အရီးကြာညွန့်က ခတ်လက်စ ရက်ကန်းကို ဆက်ခတ်သည်။ တစ်ထည်လုံး စင်ပြီးအောင် ခတ်ခြင်း မဟုတ်ပါ။ တစ်တောင်၊ တစ်တောင့် တစ်မိုက် အဆင်ပေါ်ရုံ ခတ်ကြည့်နေခြင်း ဖြစ်၏။ ကိုပြေသိမ်းက မန္တလေးက နောက်ပိုင်း ၀ယ်လာသည့် ချည်ဆိုးဆေးတွေက အရောင်လွင်သည်။ စွဲလည်း စွဲသည်။ အရောင်က လှပြီးသားဆိုတော့ စိတ်ကူးကလေးနှင့် ဖက်လိုက်လျှင် ရှုချင် စဖွယ်ဖြစ်ရပါ၏။ အရီးကြာညွန့် ရက်နေသည့် စင်နံဘေး မအိမ်ကံ ရပ်ပြီး အဆင်ကို ကြည့်သည်။ ပြေပြေကလေးနှင့် အလှသား။ အစိမ်းနု၊ အဖြူနုကလေးချည်း ဆိုတော့ အရောင် ဖျော့ချင်သည်။ သည်အထဲမှာ လိမ္မော် ဖောက်လိုက်တော့ အနုကလည်း လိုက်ရင့်သည်။ အရင့်ကလည်း ပြေသွားသည်။ အရီးနှင့် မအိမ်ကံ စိတ်ကူးသမျှ လူကြိုက် များကြပါ၏။ အထူးသဖြင့် ဥာဏ်ကောင်းလှသော၊ မျက်စိ ရေးတတ်သော မအိမ်ကံ စိတ်ကူးနှင့် အကွက် ဖော်သမျှ အဆင် အသွေးကျ လှသည်မို့ မြင်းခြံနယ် တစ်ကြော မအိမ်ကံထည်တွေ နာမည်ကြီးလှပါ၏။ အခုလည်း စက်ချုပ် ဆရာမ ခေါ်ကာ အထည်ချုပ် လုပ်ငန်းပါ ပူးတွဲ လုပ်ဖို့ စိတ်ကူးလာပြန်ပြီ။

အရီးကြာညွန့်က ရက်ကန်းတန်းက ဆင်းလာခဲ့ကာ ဆေးပေါ့လိပ်ကို မီးညှိသည်။ မီးခိုးငွေ့တွေက အူအူထနေသည်။ ထရံကြားက ၀င်လာသော ကျနေ အလင်းတန်းတွေက မြားတွေလို ၀င်ရောက်နေကြသဖြင့် မီးခိုးငွေ့တွေ တလိပ်လိပ် လူးလွန့်နေတာကို မအိမ်ကံ မြင်နေရသည်။ အရီးကြာညွန့်က သောက်လက်စ ဆေးပေါ့လိပ်ကို စဥ့်ခွက်ထဲ အသာချသည်။

“ရှင်အိမ်ကံ၊ အရီး စကားတစ်ခွန်းကြားခဲ့သာ ရှိသယ်။ ဟုတ်မဟုတ်တော့ မပြောတတ်ပေါင်အေ။ ကြားသာရှိပါသေးသယ်”

“ဘာတဲ့လဲ အရီး။ ဘာကြားလို့လဲ”

“သာအောင်နဲ့ ရွှေမှုံတို့က မီးလောင်သွားသဲ့ ကျောင်းကြီး ပြန်ဆောက်လှူချင်ကြသယ်တဲ့။ သာအောင်က မအေကြီး ဆုံးသာ တစ်လပြည့်ဆွမ်းကျွေးတော့ ပြောနေသာ ကြားသာ။ မအေ့ ကုသိုလ်ပါချင်ဟန် တူပါရဲ့။ မအိမ်ကံတို့ကို လာပြောမယ် ပြောသာပဲ”

“ရှင်”

မအိမ်ကံ ဘယ်လိုမှ ထင်မထားသည့် စကား။ သာအောင် နှင့် ရွှေမှုံတို့က ကျောင်းကြီး ပြန်ဆောက် လှူချင်ကြလို့တဲ့လား။ မီးရှို့တုန်းကလည်း သူတို့၊ ပြန်ဆောက်ချင်တော့လည်း သူတို့လား။ ပြုစားတော့လည်း စုန်းမ၊ ဆေးကုတော့လည်း စုန်းမလား။ ဘယ်ရပါ့မလဲ ရွှေမှုံရယ်။ မအိမ်ကံကျောင်းကို ရွှေမှုံ ကျောင်းလုပ်ချင်လို့ အလကား ရပါ့မလား။ ဘယ်လို စိတ်ကူးများပါလိမ့်။ ကြံကြီး စည်ရာတော်။ မအေ့လက်ချက် ဆိုတာ သာအောင် သိထားလို့သာ ကျောင်းကို အလှူပြပြီး အကုသိုလ်ကို အဖတ်ဆယ်တာ သေချာပြီပေါ့။ မအိမ်ကံ ဘယ်လို ပြောရပါ့။ သည်ကိစ္စက မအိမ်ကံ တစ်ယောက်တည်းသာ သိထားသည့် ကိစ္စ။ သာအောင်နှင့် ရွှေမှုံသည် စကားပြောလာတော့ မအိမ်ကံ ပို၍ပင် နှလုံး နောက်ရသည်။ တခြားရွာတွေက ဖဲ့လှူပါရစေဆိုတာတောင် လက်မခံခဲ့ဘဲနဲ့ သင်းတို့ကျမှ လှူကြရော့ ဖြစ်ကြေးလား။
“အရီး၊ စောစောကဆိုသဲ့ သီချင်းလိုပါပဲ။ ဘုရားငုတ်တို ရောင်ခြည်လွှတ်သာတောင် ပုံတော်မ၀တ်စေရဘူးမှတ်၊ အရီးရယ်။ ကျုပ်ဖြင့် ကြားရသာတောင် နှလုံးနာလိုက်တာ တော်”

အရီးကြာညွန့်က မအိမ်ကံကို တွေတွေကြီး ကြည့်နေသည်။ သာအောင်တို့က ကျောင်းကြီး ဆောက်လှူချင်တာနှင့်ပင် နှလုံးနာလိုက်တာဆိုရအောင် ဘာဖြစ်လို့ပါလိမ့်လို့ တွေးနေပုံလည်း ရပါ၏။ ဆေးလိပ်တိုကို ကောက်ကိုင်ပြန်သည်။ မီးညှိသည်။

“မအိမ်ကံရယ်၊ ညည်းလှူခဲ့သဲ့ ကျောင်း မီးလောင်သာ ညည်းပြန်ဆောက်ချင်မှာပေါ့။ နို့ပေသိ ခမျာများလည်း မအေကို ရည်စူးပြီး လှူချင်ရှာ ထင်ပါရဲ့အေ။ ဒါကလည်း ကြားသာ ရှိသေးတာပါအေ”

မအိမ်ကံက သူ့ခံစားမှုကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သည်။ ဆူတက်လာသော ဒေါသက မီးခိုးတွေလို မျက်နှာပေါ်က ချက်ချင်း လွင့်သွားပုံတော့ မရ။ မအိမ်ကံ ခေါင်းထဲ ထည့်တွက် မထားသော အရာဆိုတော့ အံ့သြရတာလည်း အမှန်ပင်။ ကျောင်းက အမှုအခင်းဖြစ်ထားတာမျိုး မဟုတ်ပေသိ မီးလောင်ခံရတာဆိုတော့ အစိုးရပိုင်းက စစ်လား၊ ဆေးလားတော့ လုပ်ချင်လုပ်လိမ့်မည်။ ကိုပြေသိမ်း မြင်းခြံသွားသည်ပင် တစ်ပတ်ကျော်ခဲ့ပြီ။

“အရီး ပြောသာလည်း မအိမ်ကံ သဘောပေါက်ပါသယ်။ မအိမ်ကံတို့ကိုတော့ ခွင့်တောင်းရဦးမှာပေါ့။ အကျိုး အကြောင်း ပြောကြပါဦးမှပေါ့။ မအိမ်ကံကျောင်း မအိမ်ကံ မဆောက်နိုင်ရင်လည်း တစ်မျိုးပေါ့။ ခုဟာက”

“သူတို့ကလည်း မအိမ်ကံကို တောင်းပန်ကြမယ် ပြောပါသယ်။ ရွှေမှုံက အရုပ်ပါအေ။ အရီးသိသလောက် တော့..”

“တော်ပါတော့ အရီးရယ်။ မအိမ်ကံ စိတ်ရှုပ်လွန်းလို့ပါ”

နောက်တစ်နေ့ ညနေပိုင်းမှာ ကိုပြေသိမ်း ပြန်ရောက်လာခဲ့သည်။ ကျောင်းကိစ္စ ဘယ်လို ပြီးပြတ်ခဲ့သလဲ မေးချင်လှသော်လည်း ချက်ချင်း မမေးဖြစ်။ ညဘက်ရောက်တော့ မိသားစု ထမင်းဝိုင်းမှာ ကိုပြေသိမ်းက လိုသလောက်တော့ ပြောပြသည်။ ကျောင်းကို ယာယီ ဖွင့်ထားနိုင်မည့် အဆောက် အအုံရှိလျှင် ဖွင့်ထားရန်နှင့် ရွာက ဆောက်နိုင်လျှင် အထက်ကို တင်ပြရမှာဖြစ်ကြောင်း ပြောပြသည်။ ကိုပြေသိမ်းက ဆရာတော်ကြီး မရှိသည့်နောက် ခန်းနေဆရာတော် ဦးခေမိန္ဒက ကျောင်းထိုင်ဖြစ်လာရာ ဦးခေမိန္ဒကို လျှောက်ပြီး ဘုန်းကြီး ကျောင်းမှာ ခေတ္တ ဖွင့်ထားချင်ကြောင်း ပြောနေသည်။

“အမေကတော့ ကျောင်းကို ပြန်ဆောက်လှူချင်သယ်။ ရွာကိုလည်း ကတိပေးခဲ့ပါရဲ့။ ရွာက တောင်းပန်ကြသယ်။ အများ ကုသိုလ်ဖြစ်အောင် တစ်ဖဲ့တစ်မ ပါခွင့်ပြုစေချင်သယ်သဲ့။ ငါ့သားများ၊ သမီးများ သဘောပါပဲ။ အမေကတော့ ဘယ်သူကပဲ ပြုပြု ကုသိုလ် အမှုဆိုသာ ကောင်းလှချည့် မဟုတ်လား”

မအိမ်ကံကတော့ စကားတစ်ခွန်းမှ မပြောဘဲ ပြောနေကြသမျှ နားထောင်နေတာပဲရှိ၏။ မနေ့တုန်းက အရီးကြာညွန့် ပြောခဲ့တဲ့ စကားမျိုးကို အမေပန်းရုံ ပြောချင်တာလား။ တကယ်ပဲ ရွာကအများက တစ်မူး တစ်မတ် ခွဲဝေ ပါချင်ကြတာလားတော့ မသေချာ။ မလှအုံက စကားတစ်ခွန်း ၀င်ပြောသည်။ သည်တစ်ခါဆောက်လို့ မီးရှို့ကြပြန်ရင်ကောတဲ့။ ဒါလည်း စဉ်းစားစရာပင်။ မအိမ်ကံက လွဲ၍ လက်သည် အစစ်ကို ရွာက သိကြတာ မဟုတ်။ သူပုန်သူကန်က လုပ်သလိုလို၊ ကိုပြေသိမ်းကို မုန်းလို့ လုပ်ကြသလိုလိုလောက်သာ ထင်ကြေးပေးနိုင်ကြတာပဲ ရှိပါ၏။ ကိုပြေသိမ်းကတော့ ကျောင်းကို ဘယ်သူကပဲ ဆောက်ဆောက်၊ ကျောင်းဖြစ်မြောက် လာဖို့သာ အရေးကြီးသည်ဟု ခံယူထားပုံရသည်။

“ပြောသာ ပြောရတာပါ အမေရယ်။ ရွာထဲ မြင်းနှစ်ကောင် ၀င်တာနဲ့ သည်လူတွေ လုပ်သွားတယ်လို့ အပ်ကျ မပ်ကျ ပြောဖို့ကလည်း ခက်သားပဲ။ ဘယ်သူ့ ဘယ်သူငြိုးလို့ လုပ်ရအောင်ကလည်း ဘယ်သူ့ ဘယ်သူမှာမှ အငြိုးကြီး ငြိုးစရာလည်း မရှိဘဲဟာ။ ကျွန်တော်တော့...”

မအိမ်ကံက တစ်စုံတစ်ရာ ၀င်ပြောရန် ပိုင်းဖြတ်လိုက်ပြီ။ မိသားစုကြားမှာတော့ သည်စကားပြောမှ ဖြစ်တော့မည်။ သူတစ်ယောက်တည်း သိနေတာကလည်း အဓိပ္ပာယ် မရှိ။ ဒါပေသိ ပြောလို့လည်း ယုံကြပါ့မလား။ ကိုပြေသိမ်းကပင် ခပ်လျော့လျော့ ပြောနေပြီ မဟုတ်လား။ ဘယ်သူက ဘယ်သူ့ကို ဘယ်လောက် ငြိုးစရာရှိလို့လဲတဲ့။ ရှိပါ့တော်။ ရှိလိုက်တာမှ။ မအိမ်ကံ ပါးစပ်ဟခါနီးဆဲဆဲမှာပင် ခြံဝဆီက လူသံတွေ ကြားလိုက်ရသည်။

“ဆရာလေး၊ မအိမ်ကံ ကျုပ်တို့ပါ။ သာအောင်နဲ့ ရွှေမှုံ တို့ပါ။ ဆရာလေး ပြန်ရောက်ပြီဆိုလို့ ၀င်ခဲ့စမ်းပါရစီ”

မအိမ်ကံ၏ နှုတ်က ထွက်ကျခါနီး ဆဲဆဲ စကားလုံးတွေကို ချက်ချင်း မျိုချလိုက်ရပါ၏။ ရှားနှစ်မီးကျီးခဲတွေ လည်ချောင်းထဲ အခဲလိုက် စီးဆင်းသွားကြသလို ရှိခဲ့သည်။ သာအောင်နှင့် ရွှေမှုံ ဘာကိစ္စ လာကြတာလဲ။ အရီးကြာညွန့် ပြောခဲ့သည့် စကား မှန်ပါပကော။ မအိမ်ကံ ရင်ကလေးချီကာ မျက်နှာကို တင်းထားလိုက်သည်။ လာကြစမ်း ပလေ့စေ။ တစ်ချီတစ်မောင်း မအိမ်ကံအကြောင်း ကောင်းကောင်း သိ သွားစေရမည်။ မအိမ်ကံ တစ်ကိုယ်လုံးအပူဓာတ်ဖြင့် ရှိန် ရှိန်တောက်နေလေပြီ။

(ဆက်လက်ဖော်ပြပါမည်)
ခင်ခင်ထူး


လေးစားစွာဖြင့်
ရီနိုမာန်

ဆက်ဖတ်ရန်...

မျက်ဝန်းတစ်စုံ.... သို့

မျက်ဝန်းအစုံ ပေါင်းများစွာထဲကမှ သတိထားမိသွားတဲ့ မျက်ဝန်းတစ်စုံကို ရည်ရွယ်ပြီးတော့ ဒီပိုစ့်လေးကို ရေးလိုက်ရခြင်း ဖြစ်ပါတယ်။

ကျနော်က စကားကိုသိပ်များများပြောတက်တဲ့ လူစား မဟုတ်ဘူးလို့ ကိုယ်ကိုကိုယ် ထင်ထားခဲ့တာပါ။ ဒါပေမယ့် ကျနော် ချစ်သော ၊ကျနော်က ခင်သော မိတ်ဆွေ သူငယ်ချင်း မောင်နှမများ ကို ကျနော်နဲ့ တွေ့ ဆုံတဲ့ အချိန်ခဏလေး အတွင်းမှာတော့ ပျော်ရွင်စေချင်တာ ကျနော်ရဲ့ စိတ်စေတနာ အမှန်ပါ။ ဒါကြောင့်လည်း ကျနော်က ဖော်ဖော်ရွေးရွေး နေခဲ့ပါတယ်။

ကျနော်နဲ့ တွေ့တဲ့ အခါမှာ ကျနော်ကြောင့် စိတ်ညစ်သွားကြမှာ၊ စိတ်ပျက်သွားကြမှာကို မလိုလားပါဘူး။ ဒါကိုတော့ ကျနော် အတက်နိုင်ဆုံး ဂရုစိုက်ပြီးနေပါတယ်။ ဒီလိုဂရုစိုက်ပြီးနေတဲ့ ကြားကမှ

အစားမတော် တစ်လုပ်၊
အသွားမတော် တစ်လှမ်း၊
အပြောမတက်တော့ ဆဲသလို

ဖြစ်တယ်ဆိုသလို ကျနော်ရဲ့ အပြောမတက်မှူကြောင့် အဓိပ္ပါယ် ပါပါနဲ့ ကြည့်လိုက်တဲ့ မျက်ဝန်းတစ်စုံကို သတိထားမိပြီ စိတ်ထဲမှာ နေမရထိုင်မရဖြစ်နေလို့ ခုလိုပိုစ့်လေး ရေးချပြီး တောင်းပန်လိုက်ရခြင်း ဖြစ်ပါတယ်။

၎င်း မျက်ဝန်းတစ်စုံမှ ဒီပိုစ့်လေး အားဖတ်မိသွားပါက ကျေနပ်ပေးပါလို့ ကျနော် အနေနဲ့ အနူးအညွှန့် တောင်းပန်လိုက်ရပါတယ်ဗျာ။

လေးစားစွာဖြင့်
ရီနိုမာန်

P.S - အဓိပ္ပါယ်ပါသော အကြည့်ဖြင့် ကျနော်အားကြည့်သော မျက်ဝန်းတစ်စုံ အားရည်ရွယ်ခြင်း ဖြစ်ပါသည်။

ဆက်ဖတ်ရန်...

မအိမ်ကံ ( For Oct အပိုင်း - ၄ )

အဖေသူကြီး ရှိစဉ်အခါကတည်းက ရွာကျောင်းမှာ ဆွမ်းစားကျောင်း လှူခဲ့သည်။ စာသင်ကျောင်း ဆောက်သည်။ ရွာဦးဇရပ် ဆောက်လှူသည်။ ရေတွင်း နှစ်တွင်း၊ ရွာလယ် တံတားတွေ အသစ် တည်ပေးခဲ့သည်။ ကျောင်းသုံး ပရိဘောဂတွေဆိုတော့လည်း မအိမ်ကံပင်။ ဆရာတော်ကြီး ဈာပနမှာလည်း မအိမ်ကံတို့ပင် နင့်နင့်နဲနဲ မတည်ခဲ့ရသည်။

အခုလည်း အမေပန်းရုံက စာသင်ကျောင်းကလေး ပြန်ဆောက်ချင်သည် ဆိုတော့ မအိမ်ကံ မဖြစ်ဖြစ်အောင် ဆောက်လှူရတော့မည်။ အမေ ပန်းရုံခမျာ အသက်ရရှာပြီ။ သူလှူချင် သည်ဆိုတာကို မအိမ်ကံ ဖြစ်အောင်လုပ်ပေးဖို့သာ ရှိပါ၏။ မီးလောင်သည့်ညကပင် သည်ကျောင်းကို ငါပြန်ဆောက်လှူ မယ် ပြောခဲ့တာ မအိမ်ကံအသိ။ မအိမ်ကံကလည်း လှူချင် သည်။ မအိမ်ကံကျောင်းကို မအိမ်ကံ ပြန်လည် တည်ထောင် ရမည်။ သည်လို ကိစ္စတွေမှာ ကိုပြေသိမ်းကို အိမ်သားအဖြစ် အသိပေးခြင်းသာ ရှိ၍ မအိမ်ကံကပဲ ဆုံးဖြတ်လေ့ ရှိ၏။ ကိုပြေသိမ်းကလည်း မအိမ်ကံ လုပ်ချင်တာ မှန်သမျှ ကန့်ကွက် တာမျိုး၊ တားတာမျိုး မရှိခဲ့။ “အိမ်ကလေး သဘောပါ”လို့ ဆိုသည်ချည်းပင်။ အစစအရာရာ ရှားပါးနေချိန်တွင် မအိမ်ကံ တစ်ချီတစ်မောင်း ရုန်းထဖို့ တော်တော် ကြိုးစားရမှာကိုလည်း သိပါ၏။ သို့သော် မအိမ်ကံ ဆုံးဖြတ်ပြီးပြီ။

ကိုပြေသိမ်း မရှိသည့် တစ်ရက်တွင် အစ်ကိုလေး ကိုစံကောင်းကို မအိမ်ကံ အခေါ်ခိုင်းလိုက်သည်။ ကိုစံကောင်းက အမေပန်းရုံ၏ အစ်ကို ၀မ်းကွဲက မွေးသည့်သား ဖြစ်သည်။ ရွာမှာပဲ နေထိုင်သူ ဖြစ်၍ မအိမ်ကံတို့ အိမ်အလုပ်တွေ မနိုင်တိုင်း ကိုဖိုးငွေတို့နှင့် လာဝိုင်းတတ်သူဖြစ်၏။ မဟုတ်မခံ စိတ်ရှိသည့် အပြင် မအိမ်ကံကိုလည်း ချစ်ရှာသည်။

ကိုစံကောင်း ရောက်လာတော့ မအိမ်ကံက သရက်ပင်အောက် ခေါ်လာခဲ့သည်။
“ကိုင်း...ငါ့နှမ ပြောစမ်း။ ဘာများပါလိမ့်”

“ကိုဖိုးညောင်းနဲ့ ကိုစံမြကို ခေါ်ပေးစေချင်လို့။ မအိမ်ကံ နည်းနည်းပါးပါး မေးစရာရှိလို့ပါ အစ်ကိုလေး”

“ဖိုးညောင်းနဲ့ စံမြ ဘာလုပ်ဖို့လဲ။ သည်ကောင်တွေကို ပြောစရာရှိရင် ငါ့မှာလိုက်လေ။ ပိုက်ဆံ ရစရာရှိလို့လား”

“မဟုတ်ပါဘူး အစ်ကိုလေးရယ်။ မအိမ်ကံ သိချင်သာ ရှိလို့ပါ”

“အေးလေ ခေါ်ဆို ခေါ်ပေးပါ့မယ်။ သည်ကောင်တွေ ဘယ်များ ရှိမှာပါလိမ့်။ တောထဲတော့ မဆင်းလောက်ဘူး။ တွေ့သာနဲ့ ငါခေါ်ခဲ့မယ်ဟာ။ ကိုင်း...”

“ကနေ့ပဲ ရှာခေါ်ခဲ့နော်။ ကိုပြေသိမ်း မသိစေချင်လို့”

“အေးပါ”


နေ့ခင်းနာရီပြန် နှစ်ချက်လောက်မှာ ကိုစံကောင်းနှင့် အတူ ကိုဖိုးညောင်းတို့ ပါလာခဲ့သည်။ မအိမ်ကံက သရက်ပင် အောက်ကိုပဲ ခေါ်လာခဲ့ပါ၏။ မအိမ်ကံ ဘာတွေများ မေးချင်လို့ပါလိမ့် ဆိုတာကို ထူးဆန်း နေကြပုံတော့ ပေါ်သည်။ မအိမ်ကံက စကားခံ မနေတော့ဘဲ လိုရင်းကိုသာ မေးတော့သည်။

“ကိုရင် ဖိုးညောင်း၊ မအိမ်ကံ မေးမယ်။ ဖြည်းဖြည်းဖြေ။ စဉ်းစားပြီး ဖြေနော်။ မီးလောင်တဲ့ ညက ကိုရင်ဖိုးညောင်း မြင်သာ ပြန်ပြောစေချင်သာပါ။ တစ်ချက်ချင်း စဉ်းစားဖြေနော်။ ကဲ...ပြော”

“ငါပြောပြီးသားပဲ ငါ့နှမရာ။ ဟိုညက နင်လည်း ကြား ပြီးသားပဲ။ အဲသာပဲရှိသာ။ နောက်ထပ် ငါဘာမှ မသိဘူး။ ဘုရားစူးရပါစေ့ဟာ”

မအိမ်ကံ ချက်ချင်း သိလိုက်ပြီ။ ကိုဖိုးညောင်းတို့ကို မအိမ်ကံ ခေါ်မေးတာကိုပဲ သူတို့ကို မသင်္ကာလို့ ခေါ်မေးတယ် ထင်ကြပြီ။ မျက်စိမျက်နှာတွေများ ပျက်လို့။ လူအများ ရှေ့မှာ သိသလောက် ပြောပြီးသားကိစ္စ။ မအိမ်ကံက တစ်ချက်ချင်း ပြန်ပြောပါဆိုတာကို လန့်နေကြပုံလည်း ပေါ်ပါ၏။ မအိမ်ကံက သူ့သဘောထားကို ပြောပြရတော့သည်။

“သည်လိုပါ ကိုရင်ရဲ့။ အခုကိစ္စက ရွာလည်း သိက္ခာ ကျသယ်။ မအိမ်ကံလည်း အစော်ကား ခံရလေခြင်းလို့ ခံစား ရသယ်။ အခု ကိုရင်တို့ကို ခေါ်သာလည်း မယုံတာ၊ မသင်္ကာ တာ မရှိရပါဘူး။ စကားဆိုသာ ကျန်တတ်သယ် မဟုတ်လား။ မအိမ်ကံ သိချင်သာပဲ မေးပါတော့မယ်လေ။ အဲသည် နေ့က မြင်းနောက်က စီးလာသူဟာ အရပ်ပုသယ်။ ဟုတ်သယ်နော်”

“အေးဟ။ ရှေ့က စီးသဲ့ကောင်ကို နောက်ကကောင်က ဖက်ထားသာ တွေ့သယ်။ နောက်ကကောင်က တော်တော့်ကို အရပ်ပုသယ်။ ငါမြင်ရသာက အလင်းရောင် ရှိသေးသာကိုး။ ဘုန်းကြီးပျံပွဲက ဒုံးလွှတ်ပြီး မကြာဘူးလေ။ ပွဲက ဧည့်ခံ ဆိုင်းတီးနေပြီဟာ”

“ဟုတ်ပြီ။ နောက်ကလူက မျက်နှာသုတ် ပ၀ါတစ်ထည် ကုပ်ကို ခွထားသယ်။ မြင်းစီးရင် လေလွင့်မှာစိုးတော့ အစ နှစ်ဖက်ကို အင်္ကျီထဲ တစ်ဖက်စီထိုးထည့်ထားသယ်။ ဟုတ်ကဲ့လား”

ကိုဖိုးညောင်း တွေသွားသည်။ လည်ကြီးစောင်းကာ ထိုညနေက အဖြစ်ကို ပြန်စဉ်းစားနေသည်။ ကိုစံကောင်းကတော့ မအိမ်ကံ ဘာတွေ မေးနေမှန်းမသိ။ မျက်နှာသုတ်ပ၀ါ ကုပ်ခွထားတာကို ဘယ်လိုများ သိတာပါလိမ့်။ ဥာဏ်မမီ တော့လည်း အသာငြိမ်နေလိုက်ရ၏။ ကိုဖိုးညောင်းဆီက အသံ မထွက်သေး။ ပြီးမှ မအိမ်ကံကို မျက်လုံးပြူးကြည့် သည်။ စုန်းမနှင့်တွေ့နေရပုံမျိုး။

“ဟုတ်သယ်၊ ငါ့နှမရေ။ ပ၀ါတစ်ထည် ကုပ်မှာပါသယ်။ ဟုတ်သယ်၊ ဟုတ်သယ်၊ သေချာသယ်”

“ဟုတ်ပြီ။ ကိုင်း...ကိုစံမြကို တစ်ချက်ပဲ မေးမယ်။ မြောက်တံခါးက ထွက်သွားတော့ မြင်းနှစ်စီး လူနှစ်ယောက်တည်း ဆိုသာ သေချာရဲ့လား”

ကိုစံမြက တစ်အောင့်ပဲ စဉ်းစားကာ သေချာကြောင်း ပြောခဲ့ပါ၏။ မအိမ်ကံ ကျေနပ်သွားသည်။ ကိုစံကောင်းတို့ သုံးဦးကို ပုဆိုး တစ်ကွင်းစီ ပေးလိုက်သည်။ မအိမ်ကံ တွက်သည့် ကိန်းတော့ တည့်တည့်ကြီး တိုးနေပါပကော။ ကိုစံကောင်းတို့ကို သည်ကိစ္စ ဘယ်သူ့မှ မပြောစေချင်ကြောင်း အထပ်ထပ်မှာတော့ မပြောဖို့ ကတိပေးကြကာ ပြန်သွားကြသည်။ တစ်ချက်ပဲ မေးစရာကျန်တော့သည်။ မအိမ်ကံ ရက်ကန်းရုံဘက်ကို လာခဲ့ကာ အရီးကြာညွန့်နှင့် စကားတွေ ပြောနေခဲ့သည်။ အရီးကြာညွန့်က ခေါင်းတညိတ်ညိတ်။ ထိုညက မနက်မိုးလင်းမှာကို မအိမ်ကံ စောင့်နေခဲ့သည်။ အရီး ကြာညွန့်လာမည့် အချိန်ကို စောင့်နေခဲ့သည်။ မနက်ဆွမ်းခံ ပြန် မောင်းတီးတော့မှ အရီးကြာညွန့် ရောက်လာခဲ့ပါ၏။ အရီးကြာညွန့် ၀င်းတံခါးဝ ရောက်သည်နှင့် မအိမ်ကံ ပြေးတွေ့သည်။ သိချင်လှပြီ မဟုတ်လား။

“မနေ့ညက အရီး သွားခဲ့သယ်။ မရောက်သာ ကြာပါပြီ အေရယ်။ မစံရွှေကြီး အတော်မမာ နေရှာသာကော။ စိတ်ထောင်း ကိုယ်ကြေဖြစ်ထင်ပါရဲ့။ စီးပွားကလည်း ကျ၊ လူကလည်း အိုပြီပဲ။ အရီးရောက်သွားတော့ နှိပ်ခိုင်းလို့ နှိပ်ပေးခဲ့ရသေးသယ်။ “န”နေရှာပါပြီအေ”

“ဘာဖြစ်သာတဲ့လဲ”

“အသက်ရှူ မ၀သာတဲ့။ ပါးစပ်က ဟစိဟစိနဲ့ အသက် ရှူနေရရှာသယ်။ ဗမာဆရာနဲ့တော့ ကုနေသယ်ပြောသာပဲ။ ရွာထဲလည်း ပြောသံမကြားပါဘူးအေ။ ခက်သာက သူတို့ကလည်း ဘယ်သူမှ လူမထင်ကြဘူးအေ့”

“မအိမ်ကံ သိချင်သာကော”

မအိမ်ကံက သိချင်တာကို အလျင်စလို မေးလိုက်သည်။ ကြီးတော်စံရွှေတို့ အိမ် ဒါမှမဟုတ် သာအောင်နှင့် ရွှေမှုံတို့ ခွဲနေသည်ဆိုသော အိမ်၊ တစ်အိမ်အိမ်မှာ မအိမ်ကံ မျှော်လင့် ထားသော လူတစ်ယောက် ရှိရမည်ဟု တွက်ထားခဲ့သည်။ အရပ်ပုပုဆိုသူ လူက ဘုန်းကြီးပျံပြီးတာနှင့် ပြန်ချင်လည်း ပြန်သွားနိုင်သည်။ ရှိချင်လည်း ရှိနိုင်သည်။ မအိမ်ကံက မြားတစ်ချောင်း ပစ်ကြည့်လိုက်ခြင်း ဖြစ်၏။ အရီးကြာညွန့်က မဖြေသေးဘဲ အနားက ထင်းပုံပေါ် တက်ထိုင်သည်။ စကား များများ ပြောစရာ ရှိသည့်ပုံ။ မအိမ်ကံကလည်း လိုက်ထိုင် လိုက်သည်။ မလှအုံကပင် “တူအရီးနှစ်ယောက် နေစရာ ထိုင်စရာ ရှားလို့တော်”လို့ လှမ်းအော်နေပါ၏။

“အရီး ရောက်သွားတော့ အကောင်ပု မရှိတော့ဘူး။ သည်လိုအေ။ အရီးပြန်မယ် လုပ်တော့ မစံရွှေက သူ့ချွေးမ အကြီးမကို ဆန်သုံးပြည် ထည့်ပေးလိုက်စမ်းလို့ ခိုင်းတော့ ကွမ်းတောင်ကိုင်မ မိကြည်သန်းက ဆန်လိုက်ခြင်ပေးသယ်။ ဒါနဲ့ အရီးက ညည်းတို့အိမ် ဟိုရက်က အရပ်ပုပုနဲ့လူ တစ်ယောက် တွေ့ပါသယ်။ သူရင်းငှားလားဆိုတော့ မဟုတ်ဘူးတဲ့။ အမေ့တူတဲ့၊ တူဆိုပေသိ ခပ်ဝေးဝေးထဲကပါတဲ့။ သမုန်းကိုင်းက ခဏလာနေသာတဲ့။ ကိုယ်မကောင်းဘူးလို့လည်း ပြောသယ်။ မအိမ်ကံပြောသဲ့ အရပ်ပုပုလူဆိုသာ အဲသည်ကောင် ဖြစ်မှာပဲ”

ဟုတ်ပြီ။ အကုန်လုံး ထင်ထားသည့် အတိုင်း ဖြစ်နေခဲ့ပြီ။ မြဲရာ သံပတ် ကျပ်ရာသပ်ပင်း သည့်ထက် ခိုင်စရာ မရှိ။ မအိမ်ကံ ကျောင်းကို မီးရှို့ခိုင်းတာ သင်းပဲဖြစ်ရမည်။ ကိုယ်ရေရောဂါသည်၊ သမုန်းကိုင်းသား၊ လည်ပင်းမှာ တဘက် တစ်ထည် ခွတင်ထားတတ်တဲ့လူ။ အရပ်ပုပု။ သမုန်းကိုင်းကို မအိမ်ကံ ငယ်ငယ်က ရောက်ဖူးသည်။ ဇောင်ချမ်းကုန်းနှင့် ဝေးလှသည်။ ကြီးတော် စံရွှေနှင့် သွေးဝေးသော တူတော်သူ၊ ဇောင်ချမ်းကုန်းကို အရောက်အပေါက် နည်းသူလည်း ဖြစ်ပြန်ဆိုတော့ လက်ထောက်ချခိုင်းလိုက်တာ ဖြစ်မည်။ ထားပါဦးတော့။ ဘာဖြစ်လို့များ စာသင်ကျောင်း ကလေးကို မီးရှို့ရတာလဲ။ အရီးကြာညွန့်က ဆက်ပြောနေပြန်ပါ၏။

“မအိမ်ကံ၊ ညည်းက ငါ့ကျေးဇူးရှင်ပါအေ။ ငါမှန်သဲ့ စကားတစ်ခွန်းတော့ ပြောစမ်းပါရစီ။ မစံရွှေဆိုသာကလည်း ငါ့ကို ကျွေးမွေးနေသာပါပဲ။ သူတကာ့အပေါ် မကောင်းပေမယ့် ငါ့အပေါ်တော့ ကောင်းရှာပါရဲ့။ ပြီးခဲ့သဲ့ နှစ်နှစ်လောက်က အရီးကို စကားတစ်ခွန်း ပြောဖူးသယ်။ ငါ့ဝမ်းထဲ ငါထားခဲ့သဲ့ စကားပါအေ။ တစ်ဖက်နား မရောက်ကောင်းသဲ့ စကားပါ”

“ပြောပါ အရီးရဲ့။ မအိမ်ကံ သည်းခံနိုင်ပါသယ်”

“အော်...မအိမ်ကံနဲ့ သူနဲ့ ဖြစ်ခဲ့သဲ့ ကိစ္စဟောင်းကို ပြောသာပါ။ ငါ့ဘ၀မှာအေ ဆင်းရဲတုန်းကလည်း ဆင်းရဲ ခဲ့ပါရဲ့။ ချမ်းသာတော့လည်း သူတကာ့ ခေါင်းပေါ် မော်ခဲ့ရပါရဲ့။ ဒါပေမယ့် ကန်တော့ပွဲရွက်ပြီး ဘယ်သူ့ကိုမှ မတောင်းပန်ခဲ့ ရဖူးဘူးတဲ့။ သာအောင် တစ်ချက် မှားသာနဲ့ ငါ့မလဲ ဗန္ဓရ သရက် ပိုးချက်မကင်း ဖြစ်ရသယ်။ ငါ့တစ်သက် မကျေဘူးတဲ့”

“တစ်သက်မကျေတော့ နှစ်သက်ပေါ့ အရီးရယ်။ မအိမ်ကံ မမှားဘူး။ သူတို့မှားသာ။ မအိမ်ကံကတော့ ကျေခဲ့ပါပြီ။ အခုတစ်ခါ အိုးကွဲ ရေမလုံ ဖြစ်ရပြန်ပြီကော”

အရီးကြာညွန့်က မအိမ်ကံ ဘယ်လိုကြောင့်သည် အကြောင်း စုံစမ်းခိုင်းမှန်းလည်း မသိ။ ရွာကျောင်း မီးရှို့ခံရတာနှင့် ဆက်စပ်သည်လို့လည်း မထင်။ မအိမ်ကံကလည်း အကြောင်းရင်းကို မပြော။ အရီးညွန့် ရက်ကန်းရုံဘက် ထွက်သွားတော့လည်း မအိမ်ကံ ထင်းပုံပေါ်မှာပဲ ဆက်ထိုင်နေမိပါ ၏။ သမီးနှစ်ယောက် ပြေးလာကြပြီး ထင်းပုံပေါ်တက်ကြတော့မှ အတွေးလည်း ပျက်ရတော့သည်။ သေချာခဲ့ပြီ။ မအိမ်ကံ ကျောင်းကို ကြီးတော်စံရွှေတို့ လုပ်ကြံခဲ့ကြပြီ။ သာအောင် ပါလေသလား၊ မပါလေသလား မသေချာပေသိ သူလည်း သုံးခွက် တစ်ခွက်တင်။ မအေလုပ်သည့် အမှုတွင် ရွာ့မျက်နှာ မထောက်ဘဲ ရေငုံနေခဲ့ခြင်းကိုက အပြစ်ရှိခဲ့ပြီ။ ရွာ့အစည်း အဝေးညက နှုတ်ဆိတ်နေခဲ့သည်။ ရွှေမှုံကကော ဘာထူးသလဲ။ တစ်နွယ်ငင် တစ်စင်ပါဆိုသလို လင့်စက်ရိပ် ခိုပြီး မတရားမှုမှာ မြင်းညိုကျိုင်း မလန့် ရှိခဲ့သူပင်။

ရွာရပ်အပေါ် ငွေတိုးကြေးတိုးချေး စားရင်း မတရားမှု ဖြင့် ချမ်းသာကြွယ်ဝလာသော ကြီးတော်စံရွှေ။ သားလုပ်သူ သာအောင်ကကော ဘာထူးလဲ။ တောသူတောင်သားများ၏ ကျေးဇူးရှင် နွားတွေကို ကုန်ပစ္စည်းသဖွယ် သဘောထားပြီး နွားအလဲ အထပ်လုပ်ရင်း စီးပွားရှာသူ။ သင်းတို့တစ်တွေမှာ ဘယ်စိတ်ကောင်း နှလုံးကောင်း ရှိနိုင်ကြမှာလဲ။


လေးစားစွာဖြင့်
ရီနိုမာန်

ဆက်ဖတ်ရန်...

စကားပေါင်း (၁၄၀) အမှတ်တရ - ၁

ဘာရယ်မဟုတ် အမှတ်တရအနေနဲ့ အမှတ်တရ ဖြစ်အောင် ပြုလုပ်ခြင်းဖြစ်ပါသည်။

20 Oct 09, 00:39
မချစ်ရ: လင့်လာယူသွားတယ်နော် မောင်လေးရေ
19 Oct 09, 23:54
မိုးခါး: လာလည်ပါတယ် အကိုတော်ရယ် အကိုတော်ကဖြင့် အသစ် မတင်ပဲနဲ့များ .. :D
19 Oct 09, 22:45
မချစ်ရ: လာလည်ပါတယ် ဒေါသအကြောင်းလေးဖတ်သွားတယ်
19 Oct 09, 21:51
မေသူ: အစ်ကိုတော်ကြီး ညီမလေးလာဆရာလုပ်သွားတယ် :P
19 Oct 09, 21:28
လင်းဦး(စိတ်ပညာ): လာရောက်ဖတ်ပါကြောင်း :D
19 Oct 09, 21:19
yu ya: ရောက်တယ်ကိုရီနိုရေ..
19 Oct 09, 20:28
ဂျပန်ကောင်လေး: ဟဲလို..ရောက်ပါတယ်...
19 Oct 09, 20:23
ုkom: ဒေါသထွက်နေရင် ခဏငြိမ်နေလိုကတာအကောင်းဆုံးပါ။
19 Oct 09, 20:03
myatwunnyo: ကိုရီနိုရေ.. အားပေးသွားတယ်နော်..
19 Oct 09, 11:18
ဒဏ္ဍာရီ: မင်္ဂ်လာပါ။ အိမ်လည်ရောက်တယ်။
19 Oct 09, 03:55
ကဗျာဦး: ရောက်စ့် :P :P :P :P :P
18 Oct 09, 23:15
ညီညီ: ကိုရီနိုရေ. လာမန့်ပေးတာ ကျေးဇူးတင်ပါတယ်.
18 Oct 09, 22:40
ဒဏ္ဍာရီ: ဟုတ် ပြင်ဆင်ပြီးကြောင်းး)
18 Oct 09, 22:34
ဒဏ္ဍာရီ: လင့်ပြီးကြောင်း သတင်းလာပို့တာပါ။း)
18 Oct 09, 19:05
ဒဏ္ဍာရီ: အိမ်လည်ရောက်ခဲ့ပါတယ်။ ဘလောဂ့်အသစ်လေးမှ ဖိတ်ခေါ်ပါတယ်။
17 Oct 09, 23:42
သံလွင်ဟီးရိုး: ကိုရီနိုရေ...ရောက်တယ်ဗျ
16 Oct 09, 17:44
မိုးစက်အိမ်: စာလာဖတ်သွားတယ် အစ်ကိုရေ
16 Oct 09, 13:27
ma phyu: ree noe, lar read twar par tal. tks for this good post


16 Oct 09, 08:52
ဗညားရှိန်: ရောက်လှည့်ပါတယ် ကိုရီနို
16 Oct 09, 08:02
မြူးလေး: ကိုကြိးးးရောက်စ်
16 Oct 09, 05:45
Angel Shaper: ရောက်တယ် ကိုရီနိုကြီးရေ...........
15 Oct 09, 13:26
Waing: အလည်ရောက်စ် စာတွေဖတ်သွားတယ်
15 Oct 09, 10:53
မေသူ: အကိုကြီး ရိန်နို ရေ ရောက်ပါကြောင်း
15 Oct 09, 05:12
Angel Shaper: ရောက်ပါတယ်ဗျ
15 Oct 09, 02:08
ချမ်းလင်းနေ: အကိုရေ မင်္ဂလာပါ ဗျာ။ လာလည်သွားပါတယ်။ ကိုယ်ယောင်ပျောက်ဆေးလဲ လာသောက်ပါဦးဗျာ။
15 Oct 09, 02:03
kiki: ရောက်ပါကြောင်း ..ကို ရီ နို ကြီး ရေ ....း)
15 Oct 09, 01:47
သံလွင်ဟီးရိုး: ကိုရီနိုရောက်တယ်ဗျ
15 Oct 09, 00:55
ကိုလူထွေး: ရောက်စ်စ်စ်တယ် ရီငိုရေ...
15 Oct 09, 00:49
PK: www.promyanmar.com ဒီ site မှာလည်းကောင်းတာလေးတွေရှိပါတယ်..
15 Oct 09, 00:49
PK: လာဖတ်သွားပါတယ်
14 Oct 09, 20:25
ဆောင်းနှင်းရွက်: အိမ်လည် မလာလို့ လာကြည့်တာ ... :lol:
14 Oct 09, 19:05
မေတ္တာရောင်ပြန်: လွမ်လို့ လာလည်သွားတယ်။
14 Oct 09, 18:00
စည်သူ: ပျော်ရွှင်ပါစေဗျာ
14 Oct 09, 18:00
စည်သူ: ရောက်တယ် ကိုရီနိုရေ...
14 Oct 09, 17:28
မငုံ: ရီနိုရေ..ရောက်စ် :)
14 Oct 09, 16:01
TNT: Ko Reno, Thanks for your wish. Don't be disheartened, Bro... There is the cupid for who is lovely and enthusiastic. :)
14 Oct 09, 13:53
ရေတမာ: လာလည်ဒယ်
14 Oct 09, 11:18
ဗညားရှိန်: ကိုရီနိုရေ ပြန်တဂ်လိုက်တယ်ဗျာ နောက်ကျတဂ်ပေါ့ဗျ
14 Oct 09, 11:01
မိုးကုတ်သား: သေချာရှာ။ တက်ဂ်ထားတယ်လေ
14 Oct 09, 10:09
wwkm: :D
14 Oct 09, 09:13
တောင်ပေါ်သား: အကိုရေ မင်္ဂလာမနက်ခင်းပါ အလည်လာပါတယ်ဗျို့
14 Oct 09, 05:56
Angel Shaper: ရောက်တယ် အကိုရေ...အဆင်ပြေပါစေကြောင်းးးးးးးးးးးးးးးး
14 Oct 09, 02:04
မိုးကုတ်သား: နာမည်တပ်ပီး မတက်ဂ်ထားဘူး။ လာဖတ်ပီး မရေးရသေးတဲ့ သူတွေတိုင်းကို တက်ဂ်တာလေဗျာ။ ရေးရမယ်။ ဒါပဲ။
13 Oct 09, 22:17
မိုးစက်အိမ်: အစ်ကိုရေ ဘာတွေလုပ်နေလည်းဗျို့  . . . အိမ်လိုက်လည်နေတာတော့ တွေ့ တယ် . . . :D
12 Oct 09, 21:01
myatwunnyo: ကိုရီနိုရေ..သတင်းရရခြင်းရောက်လာပါတယ်...ပျော်ရွင်အောင်မြင်ပါစေ..
12 Oct 09, 12:08
တောင်ပေါ်သား: အကိုရေ မပျောက်ပါဘူး အလည်လာပါတယ်း)
10 Oct 09, 16:44
ချမ်းလင်းနေ: ကိုရီနိုရေ မင်္ဂလာပါ။ လာလည်သွားပါတယ်။ ပျော်ရွှင်ပါစေဗျာ။
10 Oct 09, 11:35
kyaw kyaw: စာရေးသားဒါတွေကိုတော့ကြိုက်တယ်ဗျ...
10 Oct 09, 08:56
ကိုရဲ: ရောက်စ် ဘရားသားး)
9 Oct 09, 18:30
ဂျေဂျူဝိုင်: ဘုရားရှင်၏ စကားအရ ဖြေရှင်းခြင်း
9 Oct 09, 14:42
ရေတမာ: အကိုရေ စိတ်ရှုပ်နေလို့ဗျာ။ ဒီနေ့မှ ပျော်လို့ အိမ်လိုက်လည်နေတယ်
9 Oct 09, 11:48
Dr. Nyan: ညီလေးရေ။ ခုမှဘဲရောက်ဖြစ်တော့တယ်။ Parkကဆိုင်မှာဒုက္ခရောက်ကြတာတွေးမိပြီးရီနေမိတယ်။ စလုံးမှာထပ်တွေ့ကြဦးမယ်လေ။
9 Oct 09, 09:19
နှင်းဆီပန်းချစ်တဲ့သူ: ငြိမ်ဆို စက်ပျက်နေတာ ဆိုင်မှာဘဲရှိသေးတာကိုးးးးးးး ပြန်မရသေးလို့
9 Oct 09, 06:49
Angel Shaper: ရောက်စ့်ပါတယ်ဗျိုးးးးးးးးးးးးးးး
9 Oct 09, 02:25
sangpi: ရောက်တယ်ဗျာ ကောင်းတယ်။
9 Oct 09, 01:25
မိုးသွေးငယ်: အင်း ညီ အကို လာလည်ပါတယ်။အလုပ်တွေ အဆင်ပြေပျော်ရွှင် ပါစေ ညီ။
8 Oct 09, 23:44
ညီညီ: ကိုကြီး ရီနိုရေ. မတွေ့တာတောင်ကြာပေါ့နော်. လာလည်တယ်ဗျယ စာတွေဖက်သွားတယ်ယ လာလည်တာကျေးဇူးတင်ပါတယ်.
8 Oct 09, 22:18
moe moe: လည်လည်လာပြီးစာဖတ်ပါတယ်...
8 Oct 09, 21:52
မိုးစက်အိမ်: ပျော်ရွှင်ပါစေဗျာ
8 Oct 09, 21:52
မိုးစက်အိမ်: မဖတ်ရသေးတဲ့ ကဗျာတွေ လာဖတ်သွားတယ် အစ်ကိုရေ
8 Oct 09, 16:35
Lalique: Hello friend from Turkey
8 Oct 09, 15:46
Waing: လာလည်ပါတယ် ဇာတ်လမ်း အပိုင်း၁ကနေ ၃ကို အချိန်ရရင်လာဖတ်ဦးမယ်
8 Oct 09, 11:29
နှင်းဆီပန်းချစ်တဲ့သူ: ဟွမ်းးးးးးး မပြောချင်ဘူးတော်
8 Oct 09, 06:57
Angel Shaper: စာလာဖတ်တယ်အကို။ ပျော်ရွှင်ပါစေနော်
8 Oct 09, 01:46
ရန်ကုန်သား: အစ်ကိုရေ ညီရောက်တယ်ဗျို့  :))
7 Oct 09, 14:19
jr.လွင်ဦး: အလည်ရောက်ခဲ့ မန့်ခဲ့ပါတယ် ကိုရီနိုမန်ရေ။ ကောင်းသောနေ့ပါ။း)
7 Oct 09, 10:31
Waing: လာလည်ပါတယ် လင့်ကိုမနည်းလိုက်ရှာထားရတယ် :)
7 Oct 09, 10:28
နှင်းဆီပန်းချစ်တဲ့သူ: ရောက်တယ် နော်
7 Oct 09, 06:57
Angel Shaper: အကိုရေေ၇ာက်ပါတယ်နော်
7 Oct 09, 01:49
မြူး: ကိုကြီး စာလာဖတ်တယ်သိလား
7 Oct 09, 00:13
F@LL3N: အမေချစ်တဲ့/အမေ့ကိုချစ်တဲ့သား အဆင်ပြေပျော်ရွှင်ပါစေ
7 Oct 09, 00:13
F@LL3N: ကျနော်ရောက်တယ် ဖတ်တယ် မန့်တယ် ကျနော့်အစ်ကိုရေးးး
6 Oct 09, 23:09
ချမ်းလင်းနေ: အကိုရေ နေဝန်းထွက်ရာမြေသို့ (၂)ကို လာအားပေးပါဦးခင်ဗျာ။
6 Oct 09, 23:09
ချမ်းလင်းနေ: အကိုရေ လင်ယူသွားတယ်။ခွင်ြံ့ပုပါ။
6 Oct 09, 16:08
ဂျပန်ကောင်လေး: မရေးတော့ဘူးဆိုလို့လေ.. အခုတော့လည်း အစ်ကိုက စာတွေရေးနေပါ့လား..း)
6 Oct 09, 00:46
မိုးသွေးငယ်: ရောက်တယ် ညီရေ။
5 Oct 09, 23:26
မော်ကွန်းသစ်: www.newmawkun.blogspot.com
5 Oct 09, 23:25
မော်ကွန်းသစ်: ကျေးဇူးပါ။့ ကျန်းမာပါစေပေါ့။www.newmawkun.blogspot.com
5 Oct 09, 22:05
မိုးစက်အိမ်: အစ်ကိုရေ ဘာတွေလုပ် အဆင်ပြေရဲ.လားဗျ
5 Oct 09, 18:02
ဆောင်းနှင်းရွက်: အရှုပ်တွေ လုပ်ပြီး အလုပ်တွေ ရှုပ်နေလို့ ... ခုတော့ တွေ့တယ် ဟုတ် .. :glad:
5 Oct 09, 00:41
မြူး: ကိုကြီး စာလာဖတ်တယ်သိလား
5 Oct 09, 00:35
ရန်ကုန်သား: ပျော်ရွှင်ပါစေ အစ်ကို ရီနိုရေ :))
5 Oct 09, 00:35
ရန်ကုန်သား: ဟတ်ယတ်အစ်ကို ခုတော့ အိုကေနေပါပြီ ဖလူလေ ကိုက်ချက်နှယ် ကွေးနေတာပဲ :)) ကျေးဇူးအစ်ကို
4 Oct 09, 19:49
စိမ်း: အို ဒါဆိုလည်း ဆရာမခင်ခင်ထူးရဲကလက်ရာကို မိတ်ဆက်ပေးလို့ ကျေးဇူး အဟုတ်ကြီးကောင်းတာ... အရင်က တစ်ခါမှမဖတ်ဖူးဘူး
4 Oct 09, 16:06
ကိုလူထွေး: နေကောင်းပါစ ရီနိုရေ...
4 Oct 09, 15:07
ချမ်းလင်းနေ: ကိုရီနိုးရေ သီတင်းကျွတ်အခါသမယမှာ ပျော်ရွှင်ပါစေဗျာ။
4 Oct 09, 14:16
jr.လွင်ဦး: ပြန်လာလည်ပါတယ်ရှင်။ လာလည်သွားတာ ကျေးဇူးပါ။း)
4 Oct 09, 13:43
ဗညားရှိန်: ကိုရီနို ရေ ရောက်တယ်ဗျာ မဂ်လာပါ
4 Oct 09, 12:46
kp3: visit bro, greatsite,
4 Oct 09, 12:46
kp3: xiait, bro greatsite,
4 Oct 09, 11:31
နှင်းလေး: လာလည်ပါတယ် စာတွေလည်းဖတ်သွားပါတယ် ပျော်ရွှင်စရာအားလပ်ရက်လေးဖြစ်ပါစေ
4 Oct 09, 01:35
မငုံ: ရီနိုရေ..အေးချမ်းတဲ့ သီတင်းကျွတ်အခါသမယလေးပါ
3 Oct 09, 15:37
ရန်ကုန်သား: အစ်ကိုရေ မင်္ဂလာရှိသော သီတင်းကျွတ်အခါသမယပါ :))
3 Oct 09, 01:19
yu ya: ရောက်တယ် ကိုရီနိုရေ.. ဆကှ်ေလျှာက်...ပါလို့။
2 Oct 09, 11:21
kiki: ဆက်သာလျှောက်ပါ ကိုရီနို ရေ..
2 Oct 09, 09:10
ရေတမာ: အကိုရေ လာလည်တယ်
1 Oct 09, 23:16
ကိုကိုမောင်: ရောက်ပါတယ်။
1 Oct 09, 10:36
ရေတမာ: လာလည်တယ်အကိုရေ
1 Oct 09, 09:49
Angel Shaper: ကိုရီနိုကြီးရေ...ပျော်ရွှင်ပါစေဗျာ....
1 Oct 09, 08:30
နှင်းဆီပန်းချစ်တဲ့သူ: မောနင်းးးးးးးး
1 Oct 09, 07:32
မြူး: ရောက်တယ်နော် ကိုကြီး
30 Sep 09, 23:31
yu ya: ရောက်တယ် ကိုရီနိုရေ... အဆင်ပြေပါစေခင်ဗျာ။
30 Sep 09, 23:16
စိမ်း: ရောက်ခဲ့ပါတုယ် ပထမဦးဆုံးထင်တယ်...
30 Sep 09, 20:16
htwe: ရောက်ပါတယ်
30 Sep 09, 18:18
မိုးစက်အိမ်: လာသွားတယ် အစ်ကိုရေ
30 Sep 09, 17:38
Angel Shaper: ရောက်ပါတယ်ဗျိုးးးးးးးး
30 Sep 09, 12:02
မေတ္တာရောင်ပြန်: အိမ်လည်ရောက်တယ် မောင်လေး
30 Sep 09, 09:51
မေသူ: ကိုကြီး ရီနိုရေ စာတွေပြန်ရေးနေတာ ဝမ်းသာပါတယ်... မေသူ လင့်သွားတယ်နော... အစ်ကိုလာကော်မန့် ပေးလို့ လဲ ကျေးဇူးတင်ပါကြောင်း..... :)
29 Sep 09, 19:34
ရန်ကုန်သား: အစ်ကိုရီနိုရေ ရောက်တယ်ဗျို့  :))
29 Sep 09, 16:35
မေတ္တာရောင်ပြန်: HAPPY BIRTHDAY MGLAY
29 Sep 09, 16:16
စည်သူ: ပျော်ရွှင်ပါစေဗျာ.. ဆုမွန်ချွေပါတယ်
29 Sep 09, 16:15
စည်သူ: ရှာရင်းဖွေရင်းနဲ့ပေါ့
29 Sep 09, 16:15
စည်သူ: ကိုရီနီုရေ..
29 Sep 09, 16:15
စည်သူ:ေ၇ာက်လာတယ်
29 Sep 09, 16:09
ဂျာမုန်းဒန်: စာတွေလာဖတ်တယ်
29 Sep 09, 16:09
ဂျာမုန်းဒန်: မောနင်းပါ
29 Sep 09, 16:09
ဂျာမုန်းဒန်: အလည်ရောက်ပါတယ်
29 Sep 09, 14:06
အနမ်း: ရီနိုရေ .. ရောက်ပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။
29 Sep 09, 13:56
ဆောင်းနှင်းရွက်: ကောင်းသောနေ့လည်ခင်းလေးပါ .. ဖတ်ဖို့အတွက် လင့်ခ် ယူသွားတယ် .. :D
29 Sep 09, 13:04
ရေတမာ: အကိုရေ လာလည်ဒယ် မုန့်ကျွေး
29 Sep 09, 11:09
မိုးခါး: မောနင်း ပျော်ရွှင်ဖွယ် နေ့ရက်များပိုင်ဆိုင်ပါစေး)))
29 Sep 09, 08:50
နှင်းဆီပန်းချစ်တဲ့သူ: မောနင်းးးးးးးးး
28 Sep 09, 23:45
Talkii: ရောက်တယ်ဗျ
28 Sep 09, 21:51
မိုးခါး: နေကောင်းလားဗျို့
28 Sep 09, 21:51
မိုးခါး: ရောက်ပြီး ဖတ်ပြီးတာကြာပေါ့ .. မမန့်ဖြစ်သေးတား)))
28 Sep 09, 11:38
မေတ္တာရောင်ပြန်: မောင်လေးရေ အိမ်လည်ရောက်တယ်။
27 Sep 09, 17:53
ဝါကြီး: အင်း..အားဆေးက တော်တော်ကောင်းတယ်..
27 Sep 09, 17:07
ワーワー: visited. :D
27 Sep 09, 05:30
မငုံ: ရောက်လာပါတယ် ရီနိုရေ
27 Sep 09, 00:44
JulyDream: အလည်တခေါက် ရောက်ခဲ့ပါတယ် ခင်ဗျာ။
27 Sep 09, 00:43
TNT: အားလို့ ကြုံရင် စကိတ်စီး လေ့ကျင့်ကြရအောင်လေ ဘရားသား
27 Sep 09, 00:34
ကြယ်ဖြူစင်: :P
27 Sep 09, 00:30
yu ya: ရောက်တယ် ကိုရီနိုရေ.. ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ..
26 Sep 09, 23:28
Nwe Ni: I am happy to read your blog again. Thnks
26 Sep 09, 22:25
မိုးစက်အိမ်: :cool: ;)
26 Sep 09, 21:54
တောင်ပေါ်သား: ပြန်လာပြီလား ၀မ်းသာတယ်ဗျး) အစစအရာရာ ပျော်ရွှင်ပါစေ
26 Sep 09, 21:32
Angel Shaper: ၀မ်းသာလိုက်တာဗျာ...
26 Sep 09, 20:44
ရန်ကုန်သား: ဟာ အစ်ကို ဝမ်းသာတယ်ဗျာ :)
26 Sep 09, 20:42
ဝသန်မိုး: ဘလော့ဂ်ပြန်ဖွင့်ပြီကွ ဝေးးးးးးးးးးးးး
25 Sep 09, 17:36
ကိုလူထွေး: နေကောင်းလားကွ

လေးစားစွာဖြင့်
ရီနိုမာန်

ဆက်ဖတ်ရန်...

ချစ်သူ့ လမ်းကလေး

မင်းကို ကိုယ်စတွေ့တာ
ဒီလမ်းလေးထဲမှာပဲ....ချစ်သူ

မင်းနဲ့ ကိုယ်စကား စပြောဖြစ်ကြတာလဲ
ဒီလမ်းလေးထဲမှာပဲ .... ချစ်သူ

ကိုယ့်ကို ရင်ခုန်သံတွေ မြန်စေခဲ့တာလဲ
ဒီလမ်းလေးထဲမှာပါပဲ .... ချစ်သူ

ကိုယ်တို့နှစ်ယောက်ရဲ့ ကမ္ဘာလေး
တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ကြတာလဲ
ဒီလမ်းလေးထဲမှာပဲ .... ချစ်သူ

မှောင်မိုက်တဲ့ ညတစ်ညမှာ
မင်းရဲ့ ညို့မျက်ဝန်းတွေကြောင့်
ကိုယ်ဘာမှမသိပဲ မူးမေ့သွားစေခဲ့တာလဲ
ဒီလမ်းလေးထဲမှာပဲပေါ့ .... ချစ်သူ

ချစ်သူ .... ကိုယ်တို့နှစ်ယောက်ရဲ့
ဇာတ်လမ်းလေးကိုတော့
ဒီလမ်းလေးထဲမှာပဲ
အဆုံးမသတ် ပါရစေနဲ့ကွာ....


လေးစားလျှက်
ရီနိုမာန်

ဆက်ဖတ်ရန်...

ဒေါသ

အမှန်အတိုင်းပြောရရင် ကိုယ်ကသာ လုပ်ချင်တာကို လုပ်နေချင်တာ။ သူများလုပ်ရင်တော့ သိပ်သဘောမတွေ့မိဘူး။ " ငါ " စွဲတွေ အရမ်းများမိတယ်။ ငါလုပ်တာတွေ ၊ ငါပြောတာတွေ ၊ ငါတွေးတာတွေ အားလုံးကမှန်တယ်လို့ ကိုယ့်ကိုယ်ကို အထင်တွေကြီးပြီး ဟိုလူကိုလည်း စကားမပြော၊ ဒီလူကိုလည်း စကားမပြောပဲ နေလာတာကြာတော့ လူလည်း အထီးကျန်သလို ခံစားလာရတယ်။ တစ်ကိုယ်တည်း အထီးကျန်သလို ခံစားလာရတော့ ဘာဖြစ်လာသလဲဆိုတော့ နေရင်းထိုင်ရင်း ဒေါသ ထွက်တက်လာတယ်။ ဒေါသရဲ့ နောက်မှာ စိတ်ထဲရှိတာကော ၊မရှိတာကော ပြောဖြစ်လာပြန်တယ်။ ဒီလိုပြောလိုက်တော့ နေရင်းထိုင်ရင်း နဲ့ မစော်ကားသင့်တဲ့ လူတွေကိုလည်း စော်ကားသလိုဖြစ်ပြန်ရော။ ပြောလိုက်တဲ့ ခဏမှာတော့ ဘာမှကိုမမြင်ဘူး။ ပြောပြီးမှ `ဪ ငါပြောတာ တော်တော်လွန်းသွားပါလားလို့ ပြန်ပြီး စဉ်းခြင်မိတယ်။ တောင်းပန်ခြင်းကို စိတ်မဝင်းစားတဲ့ ကျနော် အတွက်တော့ အပြစ်တွေကိုသာ ရင်ဝယ်ပိုက်ထား လိုက်တယ်။

ကိုယ်ရေးကိုယ်တာ နဲ့ပတ်သက်ပြီး ဒေါသထွက်ခဲပေမယ့် အလုပ်နဲ့ ပတ်သက်လို့ရှိရင် အရင်းဆုံးဒေါသထွက်တက်တာ ကျနော်ပဲ ဖြစ်မှာပါ။ ဒေါသထွက်လို့ ပြောလိုက်တဲ့ စကားတွေကလည်း ပိဿလေးခဲပစ်လိုက်သလိုပဲ။ စိတ်ပျော့တဲ့ လူသာဆိုရင် အဲဒီနေရာမှတင် ထိုင်ငိုမှာသေချာတယ်။ ငိုတယ်ဆိုလို့ မှတ်မှတ်ရရ ကျနော်ဘဝမှာ မိန်းမတစ်ယောက်ကို ကောင်းကောင်းအော်ခဲ့ဖူးတယ်။ အော်တုန်းကတော့ အော်ကောင်းကောင်းနဲ့ အော်တာဆိုတော့ ဘာမှမမြင်ဘူး။ အော်ပြီးထွက်သွားတော့ အဲဒီအမ ငိုပြီးကျန်ခဲ့တာကို နောက်မှ ရုံးကလူတွေ ပြန်ပြောကြလို့ ကျနော် သိလိုက်ရတယ်။ တော်တော်လေးလည်း စိတ်မကောင်းဖြစ်သွားတယ်။ အဲနောက်ပိုင်း ကျနော်စိတ်ကို ကျနော် ထိန်းနိုင်အောင် ကြိုးစားပြီး ဒေါသကိုလည်း အတက်နိုင်ဆုံး မထွက်အောင် ကြိုးစားတက်လာခဲ့တယ်။

ပုထုဇဉ်ဖြစ်တဲ့ကျနော် ဒေါသမထွက်ပဲလဲ မနေနိုင်ပြန်ဘူး။ ခုနောက်ပိုင်းတော့ ကျနော်ဒေါသကို နည်းတစ်မျိုးနဲ့ ပြောင်းထိန်းလိုက်တယ်။ ဒေါသထွက်လာပြီး ဆိုရင်တော့ တေမိထုံ နှလုံးမူပြီး ဘယ်သူကိုမှ စကားမပြောပဲ နေလိုက်တော့တယ်။

အမှန်တော့ ဒေါသဆိုတာ ကောင်းတဲ့ အရာမဟုတ်ပါဘူး။ ဘုရားဟော တရားတော်နဲ့လည်း မညီညွှတ်ပါဘူး။ ဒေါသကြောင့် ဖြစ်တဲ့ ကိစ္စတိုင်း လိုလို က ယခုဘဝမှာကော နောင်သံသရာမှာပါ ကောင်းတဲ့ ကိစ္စမဟုတ်မှန် အားလုံးသော ပုထုဇဉ်တိုင်း သိကျမှာပါ။ လူသားတိုင်းလိုလို ဒေါသနဲ့ မကင်းနိုင်ပေမယ့် အတက်နိုင်ဆုံး ဒေါသကို ထိန်နိုင်ရင်းတော့ ယခုသံသရာမှာကော နောင်သံသရာမှာပါ ကောင်းကြိုးသုခကို ခံစားရမှာ ဧကန်မလွဲ ဖြစ်မှာပါ။

လေးစားလျှက်
ရီနိုမာန်

ဆက်ဖတ်ရန်...

မအိမ်ကံ ( For Oct ) အပိုင်း - ၃

“တစ်ခုတော့ ရှိသယ်ဗျ”

ဖိုးညောင်း အသံ။ စကားသံတွေ တိတ်ဆိတ်သွားပြန် သည်။
“မြင်းနောက်က စီးတဲ့ ကောင်က ရှေ့ကကောင်ကို ခါးဖက်ထားသယ်။ သည်တော့ လူလုံးချင်းယှဉ်ထိုင်သလို ဖြစ်နေသာပေါ့နော။ နောက်ကကောင်က လူပုပုရယ်ဗျ။ ပုပု ညှက်ညှက်ရယ်။ ကျုပ်မှတ်မိပြီ။ ဟုတ်သယ်။ ရှေ့ကကောင် နဲ့ ခေါင်းမညီဘူး။ ပုပုကလေးရယ်”

လူပုပုကလေး။ ဘယ်သူဖြစ်နိုင်သလဲ။ ကိုပြေသိမ်းက တရားခံကို မမျှော်လင့်ပါ။ အကြောင်း ရည်ရွယ်ချက်ကိုသာ သိချင်သည်။ အခုတော့ အစတစ်စ ထွက်လာပြီ။ အရပ်ပုပု လူတစ်ယောက်။ မီးကွင်းပစ်လိုက်သူဟာ အရပ်ပုပု။ သည်လောက်နှင့်ပင် ထိုနေ့က စကားသိမ်းလိုက်ရသည်။

မအိမ်ကံကတော့ အိပ်ရာထဲ ၀င်ခဲ့သည့်တိုင် မီးတောက် မီးလျှံများနှင့် လူပုပု တစ်ယောက်ကိုသာ မြင်ယောင်နေမိပါ ၏။ ကိုပြေသိမ်းက ဘာမှတော့ မပြော။ သူလည်း စဉ်းစားနေ ပုံရသည်။ နောက်တော့ ကိုပြေသိမ်း အိပ်ပျော်သွားသည်။ မအိမ်ကံကတော့ ရွာခေါင်းဆောင် သာအောင် တစ်ယောက် ဘာကြောင့် စကားတစ်ခွန်းမှ မပြောခဲ့တာလဲ ဆိုတာကို စဉ်းစား နေမိသည်။ တကယ်ဆိုလျှင် ရွာကင်း ခေါင်းဆောင် တစ်ယောက် အနေဖြင့် မေးရမည်။ မြန်းရမည်။ စကားတွေ ပြောရမည်။ ဆွေးဆွေးနွေးနွေး ရှိရမည်။ ဒါဖြင့် သူဘာကိစ္စ ငြိမ်နေရတာလဲ။ ပြောစရာ မရှိလို့ မပြောတာလည်း ဖြစ်နိုင်ပါ၏။ သို့ပေသိ မအိမ်ကံ စိတ်ထဲမှာ ၀ိုးဝိုးဝါးဝါး ခံစားနေ ရသည်။ တစ်စုံတစ်ရာ လွဲချော် နေသလို ရှိနေခြင်းပင်။ ရွာကျောင်းကို သာအောင် မီးရှို့ခဲ့တာ မဟုတ်။ ရှို့စရာလည်း အကြောင်းမရှိ။ သာအောင်မှာ သည်လို ယုတ်ညံ့သည့် စိတ်မရှိတာ မအိမ်ကံ ယုံကြည်ပါ၏။ တစ်စုံတစ်ယောက်က သည်အကြံအစည်မျိုး ရှိသည်ဆိုလျှင်ပင် တုတ်တပြက် ဓားတပြက် ထလုပ်မည့် လူမျိုး။ အစ်ကို မောင်မြတ်သာနှင့် အတူ တိုင်းပြည် ကိစ္စတွေမှာ ပါခဲ့သူပင်။

ဒါဖြင့်ရင် ကျောင်းမီးရှို့ခဲ့သည့် ကိစ္စမှာ ဘာကြောင့် သာအောင်ကို သံသယ ရှိနေတာလဲ။ မအိမ်ကံ ဒါကိုတော့ တွေးလို့ မရပါ။ ရေရေရာရာ ထင်းထင်းရှင်းရှင်း မရှိ။ မအိမ်ကံ စိတ်ထဲမှာ မှုန်မှိုင်းမှိုင်းအငွေ့ တစ်မျိုး ယှက်သန်းနေတာပဲ ရှိ၏။ မအိမ်ကံ မအိပ်နိုင်သေး။ အိပ်ရာက အသာထ လာခဲ့တာ ပြတင်းပေါက်နား လာရပ်သည်။ ဇောင်ချမ်းကုန်းရွာကလေးပင် ငြိမ်သက် အိပ်မောကျနေခဲ့ပြီ။ တပေါင်းလ၏ ညလေအေးအေးက တရှရှ တိုက်ခတ်နေသည်။ မအိမ်ကံပင် ခေါင်းကြည်သွားခဲ့သည်။ မအိမ်ကံမှာ ထူးခြားသော ဥာဏ်ရည် တစ်မျိုးရှိမှန်း သူ့ကိုယ်သူ သိသည်။ တစ်စုံတစ်ရာ ထင့်ခနဲ ဖြစ်သွားလျှင် သေချာအောင် တွေးသည်။ ရှင်းရှင်းလင်းလင်း ဖြစ်အောင်တွေးသည်။ ရုပ်လုံးသဏ္ဌာန် ပေါ်အောင် တွေးလေ့ ရှိသည်။ အခုလည်း သာအောင်ကို သံသယ မရှိသော်လည်း မအိမ်ကံ စိတ်ထဲမှာ ထင့်ခနဲ ခံစားရတာတစ်ခု ရင်ထဲမှာ စလုံး စခု ခံနေပါ၏။

ထိုညက ကျောင်းကြီး မီးဟုန်းဟုန်း တောက်နေချိန်မှာ မအိမ်ကံ ဖိနပ်မပါဘဲ ကျောင်းဘက်ကို ပြေးခဲ့သည်။ ကျောင်းကြီး မီးတောက် စွဲနေတာကို အရွာရွာက ပွဲတော်လာတွေ ကြည့်နေကြတာ အုံကြီးခဲရ။ မအိမ်ကံ လူကြားထဲ တိုးကာ တိုးကာ လာခဲ့တော့ ရှေ့ဆုံးကို ရောက်လာခဲ့၏။ သာအောင်တို့ ရပ်ရွာကာကွယ်ရေး ကင်းသမားတွေက လူတွေကို ပွဲခင်းထဲ ပြန်ဖို့ အော်နေကြသည်။ ဒါကလည်း ပွဲခင်းထဲမှာ ပွဲပျက်မှာ စိုးလို့ဆိုတာ မအိမ်ကံ နားလည်ပါသည်။ မအိမ်ကံက ကိုပြေသိမ်း ရောက်လာသလား မေးတော့ သာအောင်က မလာကြောင်း ဖြေတာကိုလည်း မှတ်မိသည်။

မအိမ်ကံ အတွေးတွေကို ပြန်စုစည်းသည်။ လူအတော် များများက ရင်ပေါင်တန်းကာ ရပ်ကြည့်နေသူတွေကို တွန်းလွှတ်နေကြတာကို စူးစူးစိုက်စိုက် မျက်စိမြင်အောင် ကြည့်သည်။ လူတွေကို ပြန်ကြပါ၊ ပြန်ကြပါ နှင်ကြသူတွေ။ သည်လူတွေကကော ဇောင်ချမ်းကုန်းက ချည်းပဲလား။ သည်အချိန်မှာ သူ့ရွာသား ကိုယ့်ရွာသားရယ် မရှိနိုင်။ တစ်ရွာ့ တစ်ရွာ အကြောင်းကိစ္စ ရှိလျှင် သည်လိုပင် ၀ိုင်းကြမြဲ။ မအိမ်ကံ ၀ိုးဝိုး ၀ါးဝါးဖြစ်နေတာကို သဘောပေါက်လိုက်ပြီ။ သာအောင့် ဘေးမှာ လူတစ်ယောက် ရှိနေခဲ့သည်။ လည်ပင်းပေါ်မှာ မျက်နှာသုတ် ပ၀ါတစ်ထည် ခွတင်ထားသည့်လူ။ အရပ်ပုပု။ သည်လူကလည်း ပွဲခင်းကို ပြန်ကြပါ၊ ပြန်ကြပါ အော်နေတာကို မအိမ်ကံ မှတ်မိပြီ။ သည်လူက သာအောင်နှင့် ဆက်စပ်နေသလား။ မဆက်စပ်ဘူးလား။ ဒါတော့ မအိမ်ကံ မသိ။ သေချာ တာက အရပ်ပုပု လူတစ်ယောက် ထိုနေ့က သာအောင်နှင့် အတူ ရှိနေခဲ့ခြင်းပင်။

မအိမ်ကံ အိပ်ရာထဲ ပြန်ဝင်ခဲ့ပါ၏။ သည်ကိစ္စက သေချာတာ မဟုတ်တော့ မအိမ်ကံကိုယ်တိုင် ၀မ်းထဲ မျိုချ ထားလိုက်သည်။ ကိုပြေသိမ်းကတော့ အိပ်ပျော်နေဆဲ။
“ငါ့ကျောင်းကို မီးရှို့တဲ့လူ ဘယ်သူလဲ။ ဘာဖြစ်လို့များ ငါ့ကျောင်းကိုမှ မီးရှို့ရသာလဲ။ သည်ကိစ္စ တစ်နေ့တော့ ပေါ်ကို ပေါ်လာရမှာပဲ။ သင်းမလွတ်နိုင်ပါဘူး”
မအိမ်ကံ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်သည်။ သို့သော် ထိုအပြုံးက ရက်စက်ခြင်း၊ နာကြည်းခြင်း၊ ခံပြင်းခြင်း၊ ဆူဝေခြင်းစသော ခံစားမှုများအတွင်းက ယိုစိမ့်ကျလာသော အပြုံးပင် ဖြစ်လေသည်။

“သည်ကိစ္စ သာအောင့်ဆန္ဒတော့ မပါလောက်ဘူး။ ဒါပေမယ့် သာအောင် သိတယ်။ ဒါ ကြီးတော်စံရွှေနဲ့ ပတ်သက်တဲ့ လူဖြစ်ရမယ်။ မအေ လုပ်တဲ့ ကိစ္စဆိုတော့ သားတစ်ယောက် အနေနဲ့ ရေငုံနေတာပဲ ဖြစ်လိမ့်မယ်။ ဘယ်သူပဲ လုပ်လုပ်၊ ရွာက တောကြောင် တစ်ကောင်ပါနေပြီပဲ”
တစ်ခုတော့ ရှိပါရဲ့။ ကြီးတော်စံရွှေက ဂျပန်ခေတ် တစ်ခေတ်လုံး ငြိမ်နေခဲ့ပြီး ဘယ်လိုကြောင့် ခုမှ တစ်စခန်းထရ တာလဲ။ မအိမ်ကံ အတွေးတွေ မရပ်ခဲ့။ ထိုညက မိုးသာစင် စင်လင်းတော့သည်။

စာသင်ကျောင်း မီးလောင်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ ကိုပြေသိမ်းမှာ မြင်းခြံမြို့ရှိ ပညာရေး ဌာနရုံးသို့ ဖြစ်ပျက် ပုံတင်ပြရန် သွားရသည်။ လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်း ကိုပြေသိမ်းကို ကျောင်းအုပ်ဆရာကြီး အဖြစ် တရားဝင် ခန့်အပ် ခဲ့ရုံသာမက ကျောင်းကိုလည်း အစိုးရ အသိအမှတ်ပြု မူလတန်းကျောင်း အဖြစ် သတ်မှတ်ပေးခဲ့သည်။ ဇောင်ချမ်းကုန်းရွာ မူလတန်းကျောင်းဆိုသည့် တရားဝင် အမည်ရခဲ့သည် မှန်သော်လည်း ရွာတွေက မအိမ်ကံကျောင်းလို့ပင် နှုတ်ကျိုး နေကြလေပြီ။ မအိမ်ကံကျောင်း မီးလောင်လို့တဲ့ဆိုသည့် သတင်းက ရွာတိုင်းတွင် ပျံ့နှံ့လျက်ရှိပါ၏။

“မအိမ်ကံကျောင်း မီးလောင်သာ ထင်းတို တစ်ချောင်း မရလိုက်ဘူးသဲ့။ လုပ်ကြတုန်းက မအိမ်ကံတို့ အိမ်ကြီးကို မီးရှို့ချင်သာသဲ့တော်။ အိမ်ကြီးကို မလုပ်ရတော့ ကျောင်းကို မီးရှို့သာပေါ့။ ရက်စက် ယုတ်မာချက်တော့ မလုပ်ကောင်းသာ လုပ်ကြတာများ...”

“မအိမ်ကံကျောင်း မီးလောင်သာ ထူးတော့ ထူးဆန်း သားဗျ။ ဘုန်းကြီးပျံပွဲရက်မှ ထလုပ်ကြသာ စဉ်းစားလို့ မရဘူး။ လူတွေ ပွဲလန့်ပြီး ဘာမှ မဖြစ်ကြသာ ကံကောင်း။ ဘယ်လို လူတွေကများ သည်လောက် လက်ရဲ၊ ဇက်ရဲ နိုင်ကြ သာပါလိမ့်”

“ဆရာလေးက နိုင်ငံရေး စကားတွေ တွန်းပြောလို့ မကျေနပ်သဲ့ လူက လုပ်သာလို့လည်း ကြားသာပဲ။ တချို့ ကလည်း ဆရာလေးက ရွာကင်းတွေ လိုက်ဖွဲ့လို့ သူခိုး၊ ဓားပြက အငြိုးနဲ့ ရှို့သာလို့လည်း ပြောကြသယ်။ အမှန်တရားတော့ ဘုရားမှ သိမှာပဲ”

အထင်တွေ အမျိုးမျိုး၊ အတွေးတွေက အမျိုးမျိုး။ ရွာတွေမှာ သည်စကားက ကြက်ရေသောက်သလို အ၀င်သာရှိ၍ အထွက် မရှိ။ ဝေဖန်ချက်သာ ရှိ၍ အဖြေမရှိ။ ဘယ်လိုပင် ဖြစ်စေ ရွာပေါင်းစုံက ကလေးတွေ ကျောင်းမရောက်ရတာပဲ အဖတ်တင်သည်။ ကျောင်းဆောက်ဖို့ဆိုတာ လွယ်တာ မဟုတ်။ ချက်ချင်း ထဆောက်လိုက်စမ်းမဟဲ့ဆိုသော်လည်း ပညာရေးဌာနက စုံစမ်းတာတွေ ရှိလာဦးမည်။ အမိန့်ချမှတ် ပေးမှ ပြန်ဆောက်ခွင့်ရှိသည်။ ကိုပြေသိမ်းမြို့ကို သွားပြီး ကျောင်းပြန်ဖွင့်ရေး လုံးပမ်းနေတာကိုလည်း ရွာတွေက သိကြပါ၏။ သည်တစ်ကြိမ်တော့ ရွာပေါင်းစုံက ငွေထည့် လှူချင်ကြသည်။ တစ်ချိန်က စာသင်ကျောင်းကလေး အပေါ် အာရုံ မရှိခဲ့ကြသော ရွာများကပင် အချိုးကျ ထည့်ဝင်ရန် ပြောလာကြပါ၏။

“သြော် ရွာတွေမှာလည်း ဘုန်းကြီးပျံပွဲ အတွက် လုံးပမ်း ထားရတော့ ပင်ပန်းနေကြမှာပါရှင်။ လက်မခံပါရစေနဲ့။ မအိမ်ကံကျောင်းကို မအိမ်ကံပဲ ပြန်ဆောက်လှူစမ်းပါရစီ။ ကျွန်မတို့ မိသားစုအဖို့ သည်လောက်တော့ ရုန်းနိုင်ပါသေးသယ်။ ပညာရေးဌာနက ခွင့်ပြုပြီဆိုတာနဲ့ ကျောင်းပြန်ဆောက်မှာပါ”

ရပ်ရွာတွေက လူကြီးတွေ ငွေထည့်ဝင်ဖို့ ပြောလေတိုင်း မအိမ်ကံ ယဉ်ယဉ်ကျေးကျေး ငြင်းသည်ချည်းပင်။ မအိမ်ကံ တို့မှာလည်း စီးပွားရေးအရ အရင်ကလို “မား”လှတာတော့ မဟုတ်။ စစ်ကြီး တစ်ခေတ်လုံး ဝေကာမျှကာ ကျုံးကာ ရုန်းကာ ကုန်ခဲ့ရတာ တစ်မျိုး၊ ဓားပြ သုံးကြိမ်ဝင် အတိုက်ခံခဲ့ရတာ တစ်မျိုး၊ ဆွေတွေမျိုးတွေကို လူလုံးမျှအောင် ဝေရခြမ်း ရတာ တစ်မျိုးဆိုတော့ မအိမ်ကံမှာ စိတ်ရှိတိုင်း ကိုယ်မပါနိုင်။ သို့သော် မအိမ်ကံတို့ အဖို့ ဆင်ပိန်တော့ ကျွဲလောက်ဆိုသလို ကျန်သင့်သလောက် ကျန်ပါ၏။ မအိမ်ကံတို့မှာ လယ်တွေ၊ ချောင်းတွေ ကျန်သင့်သလောက် ကျန်သည်။


လေးစားစွာဖြင့်
ရီနိုမာန်

ဆက်ဖတ်ရန်...

လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း

ဒီတစ်ခေါက်တော့ ကျနော် တွေ့ရှိမိတဲ့ ဘုရားရဲ့ ကျင့်စဉ်နှင့် ပတ်သက်ပြီး တစ်ခုလောက်သတိထားမိလို့ ပြန်လည်မျှဝေတယ်လို့ ပဲသဘောထားပေးကျပါ။ သိလို့ တက်လို့ ပြောခြင်းမဟုတ်ပါ။ မျှဝေခြင်း မျှသာဖြစ်ပါသည်။

တစ်နေ့ ဘလောဂ့်ဂါအမတစ်ယောက်နဲ့ အတူ Bukit Batok မှာရှိတဲ့ ဆရာကြီး မင်းသိင်္ခရဲ့ တပည့်ရင်းဖြစ်တဲ့ ဆရာမနှင်းဧရာလွင် ဆီကိုရောက်သွားကြပါတယ်။ ဆရာမအိမ်ကိုေ၇ာက်တော့ ဆ၇ာမက ခင်ပွန်းကြီး ၁၀ပါးကို ကန်တော့ဖို့ အတွက်ပြင်ဆင်နေတာကို တွေ့ရတယ်။ ကျနော်တို့ ရောက်ပြီး ဘုရားဝတ်ပြုပြီးတော့ ဆရာမက ကျနော်ကို မျက်နှာစိမ်းမှန်းသိတော့ စာအုပ်တစ်အုပ်ကို လှမ်းပေးပါတယ်။ ကျနော်လည်း အမှုမဲ့ အမှတ်မဲ့ သိမ်းထားလိုက်တယ်။

ကွန်ပျုတာကလည်း ပျက်၊ အလုပ်ကလည်း ပါးဆိုတော့ သိမ်းထားတဲ့ စာအုပ်လေးကို ဖတ်မယ်ဆိုတော့မှ ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဏိတ ဟောကြားထားတဲ့ ကျေးဇူးပြစ်မှား ဒဏ်ဆယ်ပါးနှင့် ခင်ပွန်းကြီးဆယ်ပါး ကန်တော့ခန်း စာအုပ်လေးထဲမှ ကျနော် မသိတာလေးတွေကို သိလိုက်ရတယ်။ တစ်ချို့စကားလုံးဆိုရင် ကြားဖူး၊ ပြောဖူးပေမယ့် စကားရဲ့ အဓိပ္ပါယ်ကို သေသေချာချာ မသိခဲ့ပါဘူး။ ဆရာတော်ရဲ့ ဒီစာအုပ်လေးကို ဖတ်လိုက်ရတဲ့ ကျေးဇူးကြောင့် ကျနော် မသိသေးသော အသိတွေကိုရရှိလိုက်ရပါတယ်။ စာအုပ်ထဲမှာလည်း ဆရာတော်ရဲ့ တကယ့်ကိုယ်တွေ့တွေကိုလည်း သိရှိခွင့်ရလိုက်ရတဲ့ အတွက် ကျနော် မှာ ဗဟုသုတ တိုးပွားစေခဲ့ပါတယ်။

ဒီစာအုပ်ထဲမှ ကျနော် ပြန်လည်မျှဝေချင်တဲ့ အကြောင်းအရာကတော့ ဘုရားဖြစ်ဖို့ရာ ကျင့်ကြံ့ခဲ့တဲ့ ကာလလေးတစ်ခု အကြောင်းပါ။ ကျနော်တို့ သိထားပြီးဖြစ်တဲ့ ဗုဒ္ဓမြတ်စွာဘုရား ဟာဆိုရင် သဗ္ဗေညုရွှေညာဏ်တော်ကို ရဖို့ရာ လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း ကျင့်ကြံလာခဲ့ပြီးမှ လောကမှာ အတုမရှိတဲ့ ဗုဒ္ဓမြတ်စွာဘုရား အဖြစ်ကို ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ခုကျနော် ပြောချင်တာကလည်း ဒီ လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း ဆိုတဲ့ ကာလကို ရှင်းပြမှာဖြစ်ပါတယ်။

ကျနောတို့ နှုတ်ကနေ အလွယ်တကူ ပြောထွက်လာတဲ့ ဒီ လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း ကို ကျနော်တို့ သေသေချာချာသိလို့ ပြောနေကျတာလား ? ကြားဖူးလို့ ပြောနေကျတာလား ဆိုတာတော့ ကိုယ့်ကိုတိုင် ပဲ ပြန်မေးကြည့်ပါ။ လေးသင်္ချေ ဆိုတဲ့ အရေအတွက်ကို သိသွာရင်း ဘုရားရဲ့ ပါရမီကို အကြွင်းမဲ့ ယုံကြည်သွာပါလိမ့်မယ်။ ကျနော်တို့ မြန်မာ သင်္ချာမှာတောင် ကုဋေ ထိသာကြားဖူး သင်ဖူး တာပါ။ သင်္ချေ ဆိုတဲ့ အရေအတွက်ဟာ ၁ရဲ့ နောက်မှာ သုည အလုံးရေပေါင်း ၁၄၀ ရှိတယ်လို့ ဆရာတော်က ဟောကြားခဲ့တယ်။ လေးသင်္ချေ ဆိုတော့ ၄ ရဲ့ အနောက်မှာ သုည အလုံးပေါင်း ၁၄၀ရှိမယ်။ ဒါတွေဟာ ခုနှစ်တွေ မဟုတ်ဘူးနော်။ ကမ္ဘာလုံး အရေအတွက် ကိုပြောတာ။ ကမ္ဘာလုံး အရေတွက် လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း နေထိုင်ကျင့်ကြံ လာပြီးမှ လောကမှာ တုနှိုင်းစရာမရှိတဲ့ တစ်ပါးတည်းသော ဗုဒ္ဓုမြတ်စွာဘုရားဆိုတာကို သိရှိနားလည်ခဲ့ရတယ်။

တစ်ကမ္ဘာ ကိုဘယ်လောက်ကြာပါသလဲလို့ မေးတော့ ဘုရားရှင်က ယခုလိုဖြေကြားခဲ့တယ်။ ` ချစ်သားတို့ အလျား (၁၂) မိုင်၊ အနံ (၁၂) မိုင်၊ အမြင့် (၁၂) မိုင်ရှိတဲ့ ကန်ကြီးထဲကို မုံညင်းစေ့ အပြည့်ထည့်ပြီး အနှစ် (၁၀၀)ကြာမှ မုံညင်းစေ့ တစ်စေ့ဖယ်မယ်။ ထိုမုံညင်းစေ့များ ကုန်သွားသောကာလသည် တစ်ကမ္ဘာခန့် ဟုမှတ်တဲ့ ` ဘုရားရှင်တော်မြတ်က ဒီလိုမိန့်တော် မူခဲ့တယ်။

သံသရာဆိုတာ ပြတ်တယ်မရှိဘူး။ ဒါကြောင့် ဘုရားရှင်ဟာ သတ္တာဝါတွေရဲ့ ဘဝအစကို မဟောဘူး။ ဘာလို့လဲဆိုတော့ အချိန်မပေးနိုင်တာ။ ဘုရားရှင်ဟာ လူဘဝ အစနဲ့ ပတ်သက်ပြီး ယခုလိုလဲ ဟောခဲ့ပါသေးတယ်။

ချစ်သားတို့- လူတစ်ယောက်ရဲ့ အကြောင်းကို နောက်ဆုတ်တွေးလိုက်ရင် ငါဘုရား (၄၅) ဝါ ပြည့်တာတောင် အစရောက်မှာ မဟုတ်ဘူး `တဲ့။ အချိန်ပေးရတယ်။ ဒါကြောင့် ဘုရား မဟေားဘူး။ အကျိုးမထူးလို့တဲ့။

ကိုယ်မမြင်တာကိုလည်း ဖြီးဖြန်းပြီး မဟောဘူး။ အထင်နဲ့လည်း မဟောဘူး။ လိုအပ်ရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ဘယ်လောက်က ဘာဖြစ်ခဲ့တယ်။ သံဝေဂရအောင်၊ တရားရအောင် တော့ ဟောတယ်လို့ ဆရာတော်ကြီးများလည်း အမိန့်ရှိခဲ့တယ် ဆိုတာကိုသိခဲ့ရပြန်ပါတယ်။

ဒါကြောင့် ကျနော်တို့နေထိုင်နေတဲ့ တိုတောင်းလှတဲ့ ဒီလူ့လောကမှာ အသက်ရှင်နေထိုင်နေစဉ် ကောင်းတာလေးတွေကို ရွေးလုပ်ကြပြီး၊ စိတ်ကောင်း နှလုံးကောင်းလေထားပြီး လူ့လောကကြီးကို အကောင်းမွန်ဆုံး ဖြတ်သန်းသွားနိုင်ကျပါစေလို့ ဆုတောင်းရင်း……………..

လေးစားလျှက်
ရီနိုမာန်

ဆက်ဖတ်ရန်...

မအိမ်ကံ ( For Oct အပိုင်း - 2 )

“မအိမ်ကံ...မအိမ်ကံ”

မီးတွေက တစ်ရွာလုံးကို ကူးစက် လောင်ကျွမ်းနေသည်။ မီးပင်လယ်ကြီးလို တပြင်တပြန့်ကြီး လောင်နေခြင်း ဖြစ်၍ ရွာသူရွာသားတွေက ဆောက်တည်ရာ မရကြဘဲ မီးဘေးလွတ်ရာ ပြေးနေကြလေ၏။ မအိမ်ကံလည်း သမီး နှစ်ယောက်ကို လက်ဆွဲရင်း ပြေးနေရသည်။ ဇောင်ချမ်းကုန်း၊ ဇောင်ချမ်းကုန်း။ အော်သံတွေက ငရဲပွက်နေကြပါ၏။ မအိမ်ကံ အာရုံထဲမှာ ရှုပ်ထွေးနေသည်။

“မအိမ်ကံ...မအိမ်ကံ”

လူပေါင်းများစွာက ခေါ်နေတာကို ကြားသော်လည်း မအိမ်ကံ ပြေးနေရဆဲ ဖြစ်ပါ၏။ ထိုစဉ်မှာပင် အေးမြသော ရေတွေ မျက်နှာကို လာစင်သလို ခံစားလိုက်ရသည်။ မီးတောက်မီးလျှံတွေပါ ငြိမ်းကုန်ကြသလို အသံတွေလည်း တိတ်ဆိတ်သွားပါ၏။ ပရိတ်တော်ရေ၊ ပရိတ်တော်ရေ ဆိုသည့် အသံကို အဝေးကြီးက ပြောနေသလို ကြားနေရသည်။

မအိမ်ကံ မျက်လုံးတွေ ပွင့်လာခဲ့သည်။ ရင်ထဲမှာ အသည်းတွေ အူတွေ တလှပ်လှပ် ခုန်နေကြပါ၏။ အမေ ပန်းရုံနှင့် မလှအုံက ပရိတ်တော်ရေဖြင့် ခေါင်းကို သပ်နေကြသည်။ မျက်နှာသစ် ပေးနေကြသည်။ အေးမြလိုက်သည့် ပရိတ်တော်ရေ။

“အမေ”

“သမီး”

မျက်နှာပေါင်းများစွာ ငုံ့ကြည့်နေကြတာကို မအိမ်ကံ မြင်နေရပါ၏။ အမေ ပန်းရုံ၏ မျက်ရည်ပေါက်တွေ မအိမ်ကံ ပါးပေါ် တပေါက်ပေါက် ကျနေလေသည်။ မအိမ်ကံ၏ စီးကျလာသော မျက်ရည်တွေကတော့ ခေါင်းအုံးပေါ် တသွင်သွင်။ ဘေးမှာ လာရပ်ကြသမျှသော ဆွေမျိုးတွေ အားလုံးမှာလည်း မျက်ရည်တွေ အလူးလူး ရှိကြပါ၏။ ပွဲခင်းဆီက ဆိုင်းသံတွေ ဝေ့ခနဲ ကြားနေရသည်။ ပွဲကို ထိန်းလိုက်နိုင်ပုံရသည်။ ဒါကိုတော့ မအိမ်ကံ ၀မ်းသာသွားသည်။ သတိကောင်းကောင်းရပြီ ဖြစ်သော်လည်း နှလုံး ခုန်တာတွေ ငြိမ်သွားအောင် မျက်လုံး မှေးရင်း ငြိမ်နေလိုက်သည်။ မလှအုံ၏ အန္တရာယ်ကင်း ပရိတ်ရွတ်သံ ဝေး၍ ဝေး၍ သွားပြန် လေသည်။

မအိမ်ကံတို့ ၀ိုင်းတိုက်ထဲမှာ လူလေးငါးခြောက်ဆယ်လောက် ရှိနေကြသည်။ အိမ်ရှေ့ကွက်လပ်တွင် ဖျာကြမ်းတွေ ခင်းထားသော်လည်း လူများသည့် အတွက် တချို့က ဖုန်ထဲမှာပဲ ထိုင်ကြသည်။ စိတ်ဝင်စားကြသော ရွာသူရွာသား တချို့နှင့် ရွာလူကြီးသူမ နှစ်ယောက် သုံးယောက်ပါ ရှိနေကြပါ ၏။ ရွာခေါင်းဆောင် သာအောင်နှင့် ကင်းမှူး စံကောင်းတို့က ကိုပြေသိမ်းနှင့် အတူ ထိုင်လျက်ရှိကြသည်။ ဘုန်းကြီးပျံပွဲကြီး ပြီးသွားတာ တစ်ပတ်ကျော်ခဲ့လေပြီ။ ဆိုင်ရာ ငှားရမ်း ထားရသော ပစ္စည်းတွေ ပြန်တိုက်ပို့ရသည့် အတွက် ရွာလှည်းတိုင်း ကုသိုလ်ပါခဲ့ကြရသည်။ တည်းကျောင်း မဏ္ဍပ်များ အတွက် ငှားရမ်းထားသော တိုင်များ၊ ၀ါးများ၊ ထန်းလက် များက အစ များလှစွာသော ပစ္စည်းတွေ ဆိုင်ရာ ဆိုင်ရာ ရွာတွေကို ရောက်အောင် ပို့ကြရသည်။ ရွာလည်း ပန်းကြလှပြီ။ ငွေကြေး အလှူဒါနပြု သည့်အထဲ ထည့်ဝင်ကြရ သကဲ့သို့ လုပ်အား ဒါနတွေလည်း ပေးခဲ့ကြရပါ၏။

ရွာ့ကိစ္စ မဆွေးနွေးရသေးတော့ အားလုံးအားလောက်သည့် ညနေပိုင်းတစ်ပိုင်းမှာ သာအောင်က လူစုပေးခဲ့သည်။ ကျောင်းမီးလောင်သည့် ညက ကင်းတာဝန်ကျကြ သူတွေပါ ဆင့်ခေါ်ထားကြသဖြင့် ရွာက အဖြစ်မှန်ကို သိချင်နေကြ သူများပီပီ တဖွဲဖွဲ ရောက်လာကြသည်။ ရွာကင်းက ကင်းမကြီး လေးကင်းရှိသော်လည်း ကြားကင်းတွေလည်း ဖြိုးဖြိုးဖြောက်ဖြောက် ဆောက်ထားတာ ရှိသည်။ တောင်ကင်းက ကင်းမွှေလျှင် မြောက်ကင်းက ကြားနိုင်ဖို့ မလွယ်သဖြင့် ကြားကင်း ထားရခြင်း ဖြစ်၏။ ကြားကင်းသမားတွေလည်း ပါကြရသည်။ ထိုညက ပထမဆုံး သံချောင်း မွှေခဲ့သူမှာ ဖိုးညောင်းဖြစ်သည်။ ဖိုးညောင်း အသံကို ၀ိုင်းတိုက်ထဲမှာ အကျယ်ကြီး ကြားနေရသည်။ မအိမ်ကံတို့ အမျိုးသမီး တစ်သိုက်က အိမ်ပေါ် ၀ရန်တာမှာ ထိုင်နေကြသော်လည်း ကြားနေရပါ၏။

“အဲသည့်ညနေက ကျုပ်နဲ့ အတူကျသာက ငပြောင်းရယ်။ ငပြောင်းက ပွဲတော်ကွင်း အကြော် သွားဝယ်မယ်ဆိုတော့ ကျုပ်က လွှတ်လိုက်သယ်။ ကင်းစင်အောက်မှာ ရေနွေး အိုးကလည်း တည်ထားတော့ ကျုပ်လည်း မီးဆင်းထိုးပါ သေးသယ်။ အကြော်လာရင် ထမင်းစားမယ်ပေါ့ဗျာ။ ကင်းစင်ပေါ် ပြန်တက်တော့ ရွာဘက်ကို ၀င်မယ့် လမ်းမှာ ဖုန်ထ သာတော့ တွေ့သား။ ပွဲရက်ဗျာ။ ရွာပေါင်းစုံက ဥဒဟို ၀င်ထွက်နေကြသာ ကျုပ်ကလည်း သည်လိုဖြစ်လိမ့်မယ် ခေါင်းထဲကို မရှိသာဗျာ။ ရွာတံခါးကြီးကလည်း ပွဲရက် ဆိုတော့ တောက်လျှောက် ဖွင့်ထားရသာ မှုတ်လား။ ကင်းတံခါးကလည်း ဒလဟောပေါ့ဗျာ။ ခဏနေတော့ အဝေးက ဖုန်လုံးထသာတွေ့တော့ တွေ့သား။ ကျုပ်က အဝေး လှည်းတွေပဲ ထင်သာ။ ဒါနဲ့ အကြော်သွားဝယ်သဲ့ ငပြောင်း လှမ်းမျှော်နေတုန်း ၀ါးဆယ်ပြန်လောက်မှာ မြင်းနှစ်ကောင်၊ လူသုံးယောက် လှမ်းတွေ့လိုက်သယ်။ ဒါလည်း ကျုပ်က မကောင်းသူ မကောင်းသား မထင်ပါဘူး။ မြင်းနဲ့လည်း သွားလာနေကြသာကိုးဗျ။ ဒါပေသိ ကျုပ်က ကင်းစင်ပေါ်က လှမ်းတော့ မေးလိုက်သယ်။ ပွဲကြည့်လား ဆိုတော့ မဖြေဘူးဗျ။ အတင်းနှင်ကြတော့သာ။ ကျုပ်စိတ်ထဲ ပွဲကြည့်တွေပဲ မှတ်သေးသာ။ နောက်တော့ ပွဲခင်းဘက် မသွားဘဲ ရွာအရှေ့ ချိုးသွားသာ တွေ့လိုက်တော့ စိတ်ထဲ ယနမကင်းသာနဲ့ ကျုပ်လည်း ကင်းသံချောင်း ထမွှေသာပဲ”

ကိုစံကောင်းက ၀င်မေးသည်။ မျက်နှာက ခပ်မှုန်မှုန်။
“လူသုံးယောက် မြင်းနှစ်ကောင်ဟုတ်လား။ တစ်ကောင်က နှစ်ယောက်စီးသာလား”

“ဟုတ်သယ်။ နောက်မြင်းမှာ နှစ်ယောက်ပါသာ။ နှစ်ယောက်စီးသာပေါ့ကွာ”

“ခင်ဗျား မှတ်မိလား”

“ဘယ် မှတ်မိမှာတုံး။ မင်းနှယ်၊ ဗြောဆို ၀င်သွားပါ တယ်ဆိုမှ”

ဖိုးညောင်းက ဒါပဲပြောနိုင်သည်။ ဒုတိယသံချောင်း မွှေသည့် ကင်းသမားက လှဦးဖြစ်သည်။
“ကျုပ်က ကိုဖိုးညောင်း သံချောင်းသံ ကြားလို့ တွန်းခေါက်သာ။ ဘာရယ် သိသာ မှုတ်ဘူး။ ကျုပ်စိတ်ထဲ ဖိုးညောင်းမူးနေသယ် ထင်သေးတာ”

“မဟုတ်သာကွာ။ ကင်းကျသခိုက်တော့ ငါမသောက် ရပါဘူး။ ဘုရားစူးရပါစေ့”

ကင်းတွေက သံချောင်းသံ ဆက်သွားအောင် မွှေနိုင်ခဲ့ ကြပါ၏။ သည်လူတွေ ဘယ်ကင်းတံခါးက ထွက်သွားကြတာလဲ။ ကိုစံမြက သူ့ကင်းက ထွက်သွားသည်ဟု ဆိုသည်။ ရွာ့မြောက်ကင်းက လမ်းတစ်ဆစ် ချိုးကွယ်နေသည့် နေရာ ဖြစ်သည်။ မြင်းနှစ်စီး ရုတ်တရက် ထွက်လာတော့မှ မြင်လိုက် ရသည်ဟု ရိုးရိုးသားသား ဖြေသည်။

“တစ်ခုတော့ ရှိသယ်။ ကျုပ်မြင်လိုက်သာတော့ မြင်းနှစ်ကောင် လူနှစ်ယောက်ပဲ။ ကျုပ်မျက်လုံးကလည်း ၀ါးတားတားရယ်။ နို့ပေသိ သေချာပါသယ်”

ကိုစံမြနှင့်အတူ ကင်းကျသူကို ဥသြကလည်း မြင်းတစ်ကောင် လူတစ်ယောက်စီပဲလို့ ဆိုသည်။ ဒါဆိုလျှင် တစ်ယောက် ကျန်ရစ်ခဲ့တာပေါ့။ ဘယ်သူလဲ။ ဒါကလည်း ရှာဖို့ သိဖို့ မလွယ်။ ဈာပနပွဲရက်ကြီးဆိုတော့ မြင်းပေါ်က ကျန်ရစ်သူ ဘယ်သူဆိုတာ သိနိုင်ဖို့မလွယ်။ သည်တစ်ယောက်က ဘာကိစ္စ ကျန်နေခဲ့တာလဲ။ စာသင်ကျောင်း မီးရှို့မည့်သူက ပွဲကြည့်ချင်လို့ ဆင်းနေခဲ့တာတော့ မဖြစ်နိုင်။ မြင်းပြေးရင်း မီးကွင်းပစ်ကြတာလား၊ မီးတုတ်ပစ် တင်တာလား။ ဒါဆိုရင် နောက်က ထိုင်လိုက်ခဲ့ပြီး မြင်းနှင့် ပါမသွားဘဲ ကျန်ရစ်သူသာ မီးနှင့်တိုက်သူ ဖြစ်ရမည်။ ၀ိုင်းတိုက်ထဲမှာ ရှိကြသူတွေက ကျွက်စီကျွက်စီ မြည်လာကြသည်။ တစ်ယောက်တစ် ပေါက် သဘောထားတွေ ပြောလာကြသည်။ အသံတွေက ကျယ်သည်ထက် ကျယ်လာခဲ့ပါ၏။

“သည်လိုဗျ”

ကိုပြေသိမ်းအသံကြောင့် အသံတွေ ရှဲခနဲ တိတ်သွား ကြသည်။
“ကျွန်တော်တို့ ကျောင်းကလေးကို မီးရှို့ချင်တာတော့ သေချာပြီ။ စဉ်းစားစရာတွေတော့ ရှိတာပေါ့ဗျာ။ သည့်ပြင် ရက်တွေ ညဘက် လာရှို့လည်း ဖြစ်သားပဲ။ ဒါပေမယ့် ရွာတံခါးက ရှိနေတယ်။ ကင်းတွေ ရှိနေတယ်။ သည်တော့ ကင်းတံခါးတွေ ဖွင့်တဲ့ ရက်ကို ရွေးကြတာပဲ”

ကိုပြေသိမ်း ပြောတာကို ရွာလူကြီးတွေက ထောက်ခံကြသည်။ သည်ဘက်ရက်တွေမှာ ကင်းတွေကို ကျကျနန စောင့်စေသည်။ ကင်းသား အလဲမှာ ကင်းအပ်ပြီးမှ လဲကြရ သည်ဖြစ်၍ လူလစ်စရာ မရှိ။ သည်ရက်ကို တမင်စောင့်ကြ ခြင်းဖြစ်လောက်ပါ၏။

“အခု ဘာတွေ့သလဲဆိုတော့ လူတစ်ယောက် ရွာမှာ ကျန်ရစ်ခဲ့တယ်။ ကင်းသမားတွေပြောတာ တွက်ကြည့်ရင်ပေါ့ဗျာ။ အနောက်ကင်းမက ၀င်တယ်။ မြောက်ကင်းက ထွက်တယ်။ ဟုတ်ပြီ။ ဘာဖြစ်လို့ မြောက်ကင်းက ထွက်ကြတာလဲ။ မြောက်ကင်းမှာလမ်းက တစ်ဆစ် ချိုးသွားတယ်။ နည်းနည်း ထွက်လိုက်တာနဲ့ လှမ်းမမြင်နိုင်တော့ဘူး။ ဒါကို ကြည့်ရင် ရွာအနေအထားကို သိတဲ့လူတွေ ဖြစ်ရမယ်”

ရွာမိရွာဖတစ်ဦးဖြစ်သော ဘကြီးတင်က ကိုပြေသိမ်း စကားအဖြတ်တွင် တစ်ခွန်း ၀င်ပြောလိုက်သည်။
“မောင်ပြေသိမ်းရဲ့၊ ဘကြီးပြောမယ်။ ရွာထဲမှာ တစ်ယောက် ကျန်ကျန်၊ သုံးယောက်စလုံးပဲ ကျန်ကျန်၊ အခု ဟာက မြင်းနဲ့ လာကြလို့သာကိုး။ ရွာကင်းတံခါးတွေ ဖွင့်ထားသဲ့ ရက်မှာ ခြေကျင်လာလည်း ဖြစ်သာပဲကွယ့်။ ၀င်လာနိုင်ရင် မီးရှို့နိုင်သာပဲ မဟုတ်လား” ကိုပြေသိမ်းက ၀င်ဖြေသည်။

“ဟုတ်ပါတယ် ဘကြီးပြောတာ။ မြင်းနဲ့လာတာက အကြောင်းရှိတယ် ဘကြီးရဲ့။ မြင်းနဲ့က ပြေးပြေးပစ်ပစ် လုပ် နိုင်တယ်။ လူချည်းဆိုရင် တစ်ယောက်မဟုတ် တစ်ယောက် တိုးနိုင်တယ်။ ပိတ်ဆို့ ဖမ်းနိုင်မယ်။ မြင်းကျတော့ လိုက်ဖို့ ခက်တယ်”

“အေးကွ။ မောင်ပြေသိမ်းပြောသာ မှန်သယ်”

“စောစောက ရွာအနေအထား သိတဲ့လူ ဖြစ်ရမယ်ဆိုတာ ကျွန်တော် ပြောခဲ့တယ်။ စဉ်းစားကြည့်တော့ တစ်ရွာ့ တစ်ရွာ လမ်းသိနေကြသူတွေချည်း ဆိုတော့ ပြောရတာ ခက်တယ်။ ထားပါတော့ဗျာ။ ပဲစေ့တစ်တင်း သွန်ပြီး စုန်းပြူးကောက်ရ သလို ဖြစ်ရော့မယ်။ ကျွန်တော် စဉ်းစားတာက ဘာကိစ္စ ကျောင်းကို မီးရှို့ရတာလဲဆိုတဲ့ အချက်ပဲ ခင်ဗျ”

ထိုနေ့က စကားဝိုင်းမှာ စိတ်ဝင်စားစရာ ကောင်းလှသည်။ မအိမ်ကံတို့ပင် ၀ရန်တာမှာ ထိုင်ရင်း စကား မဟခဲ့ကြ။ မအိမ်ကံ ကိုယ်တိုင်လည်း ကိုပြေသိမ်း စဉ်းစားသလို စဉ်းစားမိခဲ့သည်။ ရွာထဲက အိမ်တစ်အိမ် အိမ်ကို မီးရှို့သွားတာ မဟုတ်။ မအိမ်ကံတို့ကို ငြိုးသူဆိုရင်လည်း မအိမ်ကံတို့ အိမ်မကြီးကို လမ်းမပေါ်က မီးကွင်းပစ်ဖို့ မလွယ်။ လမ်းနှင့် အိမ်က တလင်းပြင်ကြီး ခြားနေတာ မဟုတ်လား။ သည်တော့ ကျောင်းကို ရန်ရှာသွားခဲ့တာ သေချာသည်။ သို့သော် ကိုပြေသိမ်း ပြောသလို လူမိဖို့ဆိုတာတော့ မဖြစ်နိုင်ပါ။ ပွဲရက် ဆိုတော့ တစ်ညလုံး ရွာတံခါးတွေက ဘယ်သူမဆို ၀င်နိုင် ထွက်နိုင်ကြတာ မဟုတ်လား။


လေးစားစွာဖြင့်
ရီနိုမာန်

ဆက်ဖတ်ရန်...

မေဖန်ဆင်းသော ပန်းတစ်ပွင့်

စက်တင်ဘာလ ၅ရက်နေ့က စင်ကာပူမှရှိကြတဲ့ ဘလော့ဂ်ဂါးတော်တော်များများနဲ့ အတူဂျပန်က လာလည်တဲ့ ဘလောဂ့်ဂါးစုံတွဲဖြစ်တဲ့ ဦးဥာဏ်နဲ့ မဝါဝါခိုင်မင်း တို့နဲ့အတူ စင်တိုဆာနဲ့ Pasir Ris Park ကိုသွားလည်ခဲ့ကြပါတယ်။ ဓါတ်ပုံထဲမှာပဲ မြင်ဖူးပေမယ့် အပြင်မှာတစ်ခါမှမမြင်ဖူးသေးတဲ့ အတွက်အရမ်းကို တွေ့ဖူးချင်နေခဲ့ပါတယ်။ အဲဒီနေ့မတိုင်ခင်မှာ မကြီးမေတ္တာရောင်ပြန်ရဲ့ နှိုးဆော်ချက်အရ မကြီးရောင်ပြန် အိမ်ကိုအရင်ဆုံးရောက်သွားခဲ့ပါတယ်။ နောက်မှညီမမေလေးရောက်လာတယ်။ ပြီးတော့ ညီလေးရေတမာ ရောက်လာပြန်ပါတယ်။ အမဝါတို့ မိသားစုမရောက်ခင် ကျနော်တို့အဖွဲ့ စားဖို့ သောက်ဖို့ ပြင်နေတဲ့ အချိန်မှာပဲ အမဝါတို့ရောက်တော့မယ်ဆိုလို့ ကျနော်အိမ်ပေါ်ကဆင်းပြီး ကားဂိတ်မှာ သွားစောင့်နေခဲ့ပါတယ်။ အမဝါတို့ မိသားစုကားဂိတ်မှားဆင်းလို့ နောက်ထပ်တမှတ်တိုင် ပြန်စီးခဲ့ကြရပါတယ်။

ကားပေါ်ကဆင်းတော့ သမီးလေးခိုင်၊ ဦးဥာဏ် နှင့် အမဝါတို့ကို မြင်ဖူးသွားရပါပြီ။ ကျနော်တို့က အမဝါ ခေါ်လို့လိုက်ခေါ်နေတဲ့ ဦးဥာဏ်ကို ဦး ၊ ဦး။ တပ်ခေါ်နေရပေမဲ့ ငယ်ငယ်ရွယ်ရွယ်၊တက်တက်ကြွကြွ နဲ့ သွက်လက်တဲ့ ဦးဥာဏ်ကိုတွေ့မှပဲ အမဝါနဲ့ တကယ့်ကို လိုက်ဖက်မှန်း ကျနော် စိတ်ထဲမှာ သတ်မှတ်လိုက်မိတယ်။အဲဒီနေ့မှာပဲ မောင်နှမလို့ ထင်ရတဲ့ အတွဲဖြစ်တဲ့ ညီမ နွေးနွေးသဲမွန်တို့ကိုလည်းတွေ့ လိုက်ရပါသေးတယ်။
ဒီလိုမှန်ကန်တဲ့ အခြမ်းပိုင်ရှင်တွေဟာ ဘယ်လို့အခက်အခဲနဲ့ကြုံကြုံ၊ ဘယ်လိုဒုက္ခပဲရောက်ရောက် သွားအတူတူ၊ နေအတူတူ စားအတူတူ မျှဝေခံစားကြတယ် လို့ ကျနော်ကြားဖူးပါတယ်။ ရာသက်ပန် ရိုးမြေကျ ပေါင်းဖို့ဆိုတာကိုတော့ ဗေဒင် သွားမေးရင် ဆန်ကုန်တာပဲ အဖက်တင်မှာပါ။ဘယ်သူခွဲခွဲ ဒို့မကွဲဆိုတဲ့ ဆောင်ပုဒ်ကို အသေကိုင်ထားကြတဲ့ လူသားတွေပါ။ အဲလို့အခြမ်းမှန်တဲ့ အတွဲတွေကိုတွေ့လိုက်ရတော့ ကျနော်လည်းတွေးလိုက်မိတာ တစ်ခုတော့ရှိသွားတယ်။ ငါ့ရဲ့ အခြမ်းများ ဘယ်များရောက်နေပါလိမ့်လို့………

အမဝါ ပြောတဲ့ ဒီအရွယ်မှ အမှီးမပေါက် ဘာမျောက်လဲလို့ ပြောရင်လဲ ကျနော်ကို ဇူလိုင်ဒရင်းခေါ် သလို့ပဲ ဟာနုမာန် မျောက်လို့ပဲ အပြောခံရတော့မှာပဲ အမဝါရေ……

အချစ်ရေးထပ် စစ်ရေး၊ နှလုံးသားရေးထက် ဝမ်းရေး၊ အိမ်ထောင်ရေးထက် မိသားစု အရေး( အမေနဲ့ညီမ) တို့ကို ဦးစားပေးနေရတဲ့ ကျနော့် အဖို့ အခုလက်ရှိအချိန်မှာတော့ အခြမ်းမှန်တဲ့ အတွဲတွေကိုကြည့်ပြီး ကြည်နူး မိရုံကလွှဲလို့ ဘာမှထူးခြားမှု မရှိသေးပါလို့ ဒီပိုစ့်လေးနဲ့အတူ အမရဲ့တက်ခ့်ပို့စ်ဖြစ်တဲ့ (မေဖန်ဆင်းသော ပန်းတစ်ပွင့်) လေးကို ကျေနပ်ပေးပါလို့ တောင်းပန်လိုက်ရပါတယ် အမဝါရေ။

နောင်တစ်ချိန်မှာ ထူးခြားပြောင်းလဲမှုများ ရှိလာပါက ပြန်လည်ပြင်ဆင်ရေးသားပေးပါမယ်လို့…………..

လေးစားလျှက်
ရီနိုမာန်


ဆက်ဖတ်ရန်...

မအိမ်ကံ ( For Oct အပိုင်း - ၁ )

ယခင်လမှ အဆက်....
၃၀။
မီးတောင်ကြီး ပေါက်သကဲ့သို့ တဟူးဟူး လောင်မြိုက်နေသော မီးလျှံကြီးကပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ လောင်စာ မကုန်မချင်း သစ်တိုသစ်စ သစ်ချောင်း တစ်ချောင်း မကျန်အောင်လောင်နေသော မီးအရှိန်ကြောင့် မည်သူမျှ အနီးကို မကပ်နိုင်။ မီးခိုးများက တစ္ဆေသရဲ၏ ၀တ်ရုံမည်းကြီး ပမာ ကောင်းကင်တစ်ခွင်လုံးကို လွှမ်းအုပ်ရန် အလိပ်လိပ် တက်လျက်ရှိသည်။ မီးတောက် မီးလျှံတွေကလည်းမကောင်းဆိုးဝါး တစ်ကောင်၏ အစွယ်များသဖွယ်ပင်။ ဇောင်ချမ်းကုန်း တစ်ရွာလုံးရှိ ရွာသူရွာသားများ သာမက အနယ်နယ် အရွာရွာက စုရုံးရောက်ရှိလာကြသော ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန ပွဲကြီးသည်ပင် ငြိမ်သက်သွားခဲ့ပါ၏။ မီးလောင်ရာသို့ အားလုံးလိုလို ရောက်လာကြသဖြင့် ဇောင်ချမ်းကုန်းရွာ လမ်းသည်ပင် ပြည့်သွားခဲ့သည်။ ပွဲကြည့် လှည်းတွေက နွားမလန့် ပွဲမပြိုအောင် ကွင်းထဲမှာ စောင့်နေကြ၍သာ တော်တော့သည်။

မအိမ်ကံ ကတော့ မျက်ရည် တွေတွေကျရင်း ကြောင်တောင်ကြီး ရပ်လျက်ရှိ၏။ ဘယ်သူကမှ ဘယ်သူ့ကို မဖေးမနိုင်ကြဘဲ မြင်ကွင်းကိုသာ ၀မ်းနည်း ကြေကွဲစွာ ကြည့်နေကြရတော့သည်။ လူအားနှင့် ၀ိုင်းဝန်း ငြှိမ်းသတ်ဖို့ပင် အချိန်မရတော့။ သံချောင်း မွှေသံကြီး ဆက်တိုက် ကြားရပြီးသည်နှင့် လူပေါင်းများစွာတို့ ဇောင်ချမ်းကုန်း ရွာဘက်ကို အပြေး လာခဲ့ကြပါ၏။ ဓားပြသူခိုး၊ အနုကြမ်း လူရမ်းကားတို့သာဆိုလျှင် လူအုပ်ကြီးကို မြင်ရုံနှင့် မူးမေ့ သွားကြလိမ့်မည်။ အခုက လက်သည်ကို ကောင်းကောင်း မသိလိုက်ကြရဘဲ ထလောင်လိုက်သော မီးဖြစ်၏။ ဘယ်သူက ဘယ်အငြိုးနှင့် မီးတုတ်တင် ရှို့ခဲ့သည် မပြောနိုင်သေးသော်လည်း ဇောင်ချမ်းကုန်း ရွာကျောင်းသည် နာရီပိုင်း အတွင်း ပြာပုံ ဘ၀ ရောက်ရတော့မည်။

“ရပ်ရွာလူကြီးတွေမှ အပ လူတွေ အားလုံး ပွဲခင်းကို ပြန်ကြပါ၊ ပြန်ကြပါ။ ဇာတ်ပွဲ ဆက်မှာပါ။ ဒါခင်ဗျား တို့အလုပ် မဟုတ်ပါဘူး။ လူကြီးတွေ အလုပ်ပါ။ ပြန်ကြပါ၊ ပြန်ကြပါ။ အေးအေးဆေးဆေး ပွဲဆက်ကြည့်ကြပါ”

အသံအောင်လှသော အသံကြီး တစ်သံက လူပေါင်း မြောက်မြားစွာတို့၏ အသံ ပေါင်းများစွာကို ကျော်ကာ စူးစူး ၀ါးဝါး ထွက်ပေါ်လျက်ရှိ၏။ လူတွေက မပြန်ကြပါ။ တ၀ုန်းဝုန်း ပြိုကျနေသော မီးလောင် သစ်ချောင်းတွေကို ယိမ်းပွဲ ကြည့်သလို ကြည့်နေကြဆဲ ဖြစ်၏။ တပေါင်းလ၏ လေက တဟူးဟူး တိုက်လျက်ရှိရာ အိမ်တွေဘက်ကို မီးမကူးရန် အရေးကြီးသည်။ သို့သော် ချက်ချင်းကြီး မကူးနိုင်။ ရွာနှင့်ကျောင်းက လှမ်းတာ တစ်ကြောင်း၊ ကြားမှာ မီးတားကွက်လို ကွင်းကြီး ခြားသဖြင့်လည်းကောင်း စိုးရိမ်စရာတော့ သိပ်မရှိ။ သာအောင်နှင့် ၀ါးချွန်ကိုင်၊ ဒူးလေးကိုင်၊ လူလေးငါးဆယ်က လူတွေ ရှေ့ရောက်လာကြကာ ပွဲခင်းသို့ ပြန်ကြရန် အတင်းတွန်းထုတ် နေကြရသည်။ လက်နက်များ ကိုင်ဆောင်ထားကြသည့် အပြင် လူဖြန့်ကာ အတင်းအဓမ္မ လူစု ခွဲခိုင်းနေသဖြင့် တဖြည်းဖြည်း ဆုတ်သွားကြသော်လည်း လူအုပ်ကြီးက မလျော့နိုင်ဘဲ ရှိသည်။

“သာအောင်၊ ဘယ်သူ့လက်ချက်တုံးကွ။ မိုက်ရင် ရွာကို စမ်းလိုက်ပါလားကွာ။ စာသင်ကျောင်းကို မီးရှို့တာ သူရဲဘောကြောင်လှသကွာ။ အသက်ချင်း လဲလိုက်စမ်းမယ်”

“ကိုမှတ်ကြီး၊ ကျုပ်တို့ ကိစ္စ ကျုပ်တို့ ရှင်းမယ်။ ခင်ဗျား တို့ရွာက လူတွေ ခင်ဗျားတို့သာ နိုင်အောင်ထိန်း။ ပွဲမပျက်ဘူးနော်။ လှည်းတွေ မပြန်စေနဲ့။ ကျုပ်တို့ ဆရာတော်ကြီး ဈပန အပျက်မခံဘူး။ သွားတော့။ ခင်ဗျားပွဲ သွားထိန်း”

အော်ဟစ် ဆူညံနေကြသော လူအုပ်ကြီး၏ တစာစာ အော်သံတွေကြားက သာအောင့် အသံ စူးထွက်နေတာကိုလည်း မအိမ်ကံ ကြားနေရသည်။ တခြားရွာတွေက လာတက်ကြရသည့် ကလေးတွေရှိကြတော့ ကျောင်းကြီး မီးလောင်တာကို အကုန်လုံးက တောက်တခေါက်ခေါက် ရှိကြသည်။ ငိုယ